Friday, June 29, 2012

ငါးမဖမ်းရကာလအတွင်း တနင်္သာရီကမ်းနီးဒေသများ၌ ကန့်သတ်ချက်ဖြင့် ငါးဖဖ်းခွင့်ပေး

 





တနသာင်္ရီတိုင်းဒေသကြီး ကမ်းနီးဒေသများတွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရန် ငါးမဖမ်းရ တားမြစ်ကာလအတွင်း သတ်မှတ်ချက်နှင့် ငါးဖမ်းဆီးခွင့်ပြုထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီး ဌာနက သိရှိရသည်။   


 
 “ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ငါးမဖမ်းရ ပိတ်ပင်ထားတဲ့ကာလမှာပဲ ခွင့်ပြုပေးခဲ့တာပါ။ ပြီးတော့ နေ့ချင်းပြန်အစား တစ်ပတ်()ရက် ငါးဖမ်းခွင့်ပြုထားပေးပြီး ငါးသယ်ရက်ကိုတော့ ()ရက်တိုးမြှင့် ပြောင်းလဲသတ်မှတ်ပေးထားပါတယ်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးမျိုးအောင်က ပြောသည်။
 
ငါးဖမ်းလှေများအနေဖြင့် ငါးဖမ်းယူရာ၌ စက်စွမ်းအား မြင်းကောင်ရေ (၂၅)ကောင် ထက်မပိုသော လှေ ဖြစ်ရမည်။ အသုံးပြုဖမ်းဆီးသော ငါးဖမ်းကိရိယာများအား စက်အင်အားဖြင့် အတင်အချ မပြုလုပ်ရ။ စက်အင်အားကို ငါးဖမ်းကွက်သို့ သွားလာရန်အတွက်သာ အသုံးပြုပြီး နေ့ချင်းပြန် ငါးဖမ်းဆီးသောလှေ ဖြစ်ရမည်ဟု သတ်မှတ်ကာ ကန့်သတ်ချက်များဖြင့်  တနင်္သာရီတိုင်း ကမ်းနီးဒေသအား ငါးဖဖ်းခွင့်ပြုထား ခြင်းဖြစ်သည်။
 
ကမ်းနီးလှေများအနေဖြင့် အလျားပေ(၃၀) နှင့် မြင်းကောင်ရေ(၂၅)ကောင်အောက်ရှိ လှေများဖြင့် လုပ်ကိုင်နေသော ရေလုပ်သားများမှာ လှေပေါ်တွင် ရေခဲပုံးများတင်ဆောင်၍ ငါးဖမ်းဆီးကြသဖြင့် ငါးဖမ်းကွက်သို့ သွားလာရသော ဒီဇယ်ကုန်ကျစရိတ်နှင့် ရေခဲဖိုးများကာမိစေရန်ယခုကဲ့သို့ ငါးဖမ်းရက် အား ()ရက်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
မြန်မာနိုင်ငံတွင်ရာသီဥတုအပြောင်းအလဲကြောင့် ရေသယံဇာတလျော့ကျလာကြောင်းနှင့်ရေငန်ငါးရရှိမှုများ   ပြည်တွင်းစားသုံးရန်အတွက်သာရှိနေကြောင်း ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
 
သားပေါက် ရာသီမှာ ဖမ်းဆီးခြင်းမပြုပဲ ငါးမဖမ်းရ ကာလလုပ်တာဟာ အကောင်းဆုံးပါဟု ရေထွက်ပစ္စည်း နှင့်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးန္ဒာတင်က အကြံပြုပြောဆိုခဲ့သည်။ 
 
ယခုနှစ်(၂၀၁၂ခုနှ)စ် မိုးရာသီတွင် ငါးသားပေါက်ရာသီချိန်ဖြစ်သော ဇွန်၊ဇူလိုင်၊သြဂုတ်လများတွင် ငါးမဖမ်းရ ကာလ (closed season)နှင့် ငါးဖမ်းဆီးရနယ်မြေ(closed area)သတ်မှတ်ခြင်းတို့အား ပြီးခဲ့သည့် မေလ(၂၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
 
“ကျွန်မအမြင်တော့ သတ်မှတ်ချက်တွေနဲ့ ဒေသတွင်းစားဝတ်နေရေးပြေလည်ဖို့ဖြေရှင်းပေးတာကောင်းပါတယ်။ ဒါပေမယ့် ငါးသားပေါက်ချိန်မှာ ငါးမကြီးကို ဖမ်းမိသွားရင် သားပေါက်တွေလည်း သေနိုင်တယ်။ အဲဒါကြောင့် ငါးတွေ ရှားလာနိုင်တယ်”ဟု ကြည့်မြင်တိုင်၊ ငါးဈေးမှ ဒေါ်အေးကလည်း ၄င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။