Friday, June 29, 2012

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ပဲရစ်မြို့သူဆုလက်ခံ

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ပဲရစ်မြို့သူဆုလက်ခံ




ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကိုရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီက ပါရီမြို့တော်ဝန် Bertrand Delanoe ( ဘာထရန် ဒီလာနိုး )ကိုယ်တိုင် ချီးမြင့်တဲ့ ဂုဏ်ထူးဆောင် ပဲရစ်မြို့သူဆုကို လက်ခံရယူခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်ဘာသာစကားနဲ့ ၁၅ မိနစ်လောက်ကြာ ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။ ပဲရစ်မြို့တော်ဝန်ခန်းမ ကြီးမှာ ကျင်းပတဲ့ ဒီအခမ်းအနားကို မြန်မာမိသားစုဝင် ၁၅၀ လောက် တက်ရောက် လာခဲ့သလို ပြင်သစ် နိုင်ငံသားတွေ နဲ့ ပြင်သစ်နိုင်ငံက အဖွဲ့အစည်းတွေလည်း တက်ရောက် လာခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုလက်မခံမှီ နံနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိ မြန်မာမိသားစုတွေနဲ့ ပါရီမြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ပါသေးတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။