Friday, June 29, 2012

ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း

ကုလ အထူးကိုယ်စားလှယ်ဟောင်းက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်နေပုံကို ချီးမွမ်း
2012-06-27
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစွန်းမရောက်ဘဲ ဖော်ဆောင်နေပုံကို သူ့အနေနဲ့ ကျေနပ်အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။

အခုအခါ GMMF ခေါ် ကမ္ဘာ့ မဇ္ဈိမပဋိပဒါ နည်းကျ လှုပ်ရှားမှုအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ့ မစ္စတာ Razali Ismail က မြန်မာနိုင်ငံဟာ ခေါင်းဆောင်ကောင်းတွေရဲ့ ဦးဆောင်မှုအောက်မှာ ပွင့်လင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။ သူ့ အနေနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်နိုင်တဲ့ အခွင့်အရေး ရခဲ့တဲ့အတွက် ၀မ်းမြောက်ကြောင်း ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံပြီး မြန်မာနိုင်ငံကို တကမ္ဘာလုံးက အသိအမှတ်ပြုလာအောင် ဆောင်ရွက်နိုင်ခွင့် ရပြီဖြစ်ပါတယ် လို့  ပြောသွားပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။