တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီပူးပေါင်းကွင်းဆင်းလေ့လာရေးခရီးစဉ်မှ
ရရှိလာသည့် တိုင်းရင်းသားပြည်သူများ၏တောင်းဆိုချက်များအား
ဇွန်(၄)ရက်နေ့တွင် ဥပဒေအရာရှိများနှင့် တိုင်ပင်ဆွေးနွေး၍
ဥပဒေပြုရန်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
စတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင်တိုင်းရင်းသားဒေသအသီးသီး မှပြည်သူများ တင်ပြထား သည့် ပြည်သူတို့၏လိုအပ်ချက်များအား ဆွေးနွေးတင်ပြရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟု ခေါင်းစဉ် သုံးခုအောက်တွင်ပြည်သူများတောင်းဆိုချက်အား ထည့်သွင်း ရေးသားထားကြောင်းကိုလည်းလွှတ်တော်ကိုယ်စား လှယ်များထံက သိရှိရသည်။
“ပြည်သူတွေကလည်း အပြိုင်အဆိုင် တင်ပြ။ တစ်ပြည်နယ်တစ်ခုထဲကို အချက်(၁၀၀)ကျော် တင်ပြတယ်။ ဒါကို မနေ့က အစည်းဝေးလုပ်တယ်။ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး တူတဲ့အချက်တွေကို အကုန်ပေါင်းပြီး စာတမ်းပြုစုထားပြီးပြီ”
ဟု အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွင်းရေးမှူး ဦးခက်ထိန်နန်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှ ဇယား (၁)တွင်ပါရှိသည့်ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင့် အချို့အားဇယား(၂) ဖြစ်သည့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်များသို့ပြောင်းရွှေ့ဥပဒေပြုရန် အတွက် ဖြစ်ကြောင်းကိုလည်း သိရသည်။
“စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေကို ခန့်ချင်ရင် ခန့်လို့ရအောင်။ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဘာမှ မရှိလို့ အခွင့်ပေးဖို့၊
ရခိုင်ပြည်နယ်က ဂတ်(စ်)ဆိုရင် ပြည်ထောင်စုအစိုးရကပဲ ယူလိုက်တယ်။ကချင်ပြည်နယ်က ပြည်နယ် ကျောက်စိမ်း၊ သစ်တော၊ ရွှေတွေကို ပြည်သူတွေလည်းအကျိုးခံစားခွင့်ရှိရမယ်” ဟု ဦးခက်ထိန်နန် က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းမှ
ကိုယ်စားလှယ်များကတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မေလ(၂၀) ရက်နေ့မှ
(၁၂)ရက်ကြာကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါကိုယ်စားလှယ်
အဖွဲ့အနေဖြင့်ကျန်ရှိနေသေးသည့် မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးများ သို့ ဇွန်လ (၆)
ရက်နေ့တွင်ဆက်လက်သွားရောက် မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
စတုတ္ထအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟု ခေါင်းစဉ် သုံးခုအောက်တွင်ပြည်သူများတောင်းဆိုချက်အား ထည့်သွင်း ရေးသားထားကြောင်းကိုလည်းလွှတ်တော်ကိုယ်စား လှယ်များထံက သိရှိရသည်။
“ပြည်သူတွေကလည်း အပြိုင်အဆိုင် တင်ပြ။ တစ်ပြည်နယ်တစ်ခုထဲကို အချက်(၁၀၀)ကျော် တင်ပြတယ်။ ဒါကို မနေ့က အစည်းဝေးလုပ်တယ်။ ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး တူတဲ့အချက်တွေကို အကုန်ပေါင်းပြီး စာတမ်းပြုစုထားပြီးပြီ”
ဟု အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားရေးရာနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွင်းရေးမှူး ဦးခက်ထိန်နန်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှ ဇယား (၁)တွင်ပါရှိသည့်ပြည်ထောင်စုအစိုးရလုပ်ပိုင်ခွင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်မျာ
“စာသင်ကျောင်းမှာ ဆရာ၊ ဆရာမတွေကို ခန့်ချင်ရင် ခန့်လို့ရအောင်။ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ဘာမှ မရှိလို့ အခွင့်ပေးဖို့၊
ရခိုင်ပြည်နယ်က ဂတ်(စ်)ဆိုရင် ပြည်ထောင်စုအစိုးရကပဲ ယူလိုက်တယ်။ကချင်ပြည်နယ်က ပြည်နယ် ကျောက်စိမ်း၊ သစ်တော၊ ရွှေတွေကို ပြည်သူတွေလည်းအကျိုးခံစားခွင့်ရှိရမယ်” ဟု ဦးခက်ထိန်နန် က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုးသား
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။