Saturday, December 1, 2012

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှလောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့


သပိတ်မှောက်သူများဖြိုခွဲခံရမှုတွင် ဒဏ်ရာအများဆုံးရရှိခဲ့သည် မုံရွာမြို့မဟာဇောတိကရာမကျောင်းတိုက်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့(တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့)တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် စာအောင်သံဃာတော်များအောင်လက်မှတ်ဆပ်ကပ်လှူဒါန်းပွဲတွင် နံနက်ပိုင်းဆွမ်းလောင်းလှူလေ့ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှ ငွေကျပ်၁၇ သိန်း အကုန်အကျခံ လောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့ကြောင်းသတင်းရရှိသည်။

'"အခင်းဖြစ်ပြီး နောက်ရက်မှာပဲ မဟာဇောတိကရာမ ကျောင်းတိုက်အ၀င်ပေါက်တွေမှာ ဦးသာအေးနဲ့အဖွဲ့  လောင်းမယ့်ဆွမ်းအလှူကိုမကြွဖို့ ဆော်သြစာကပ်ထားတယ်။ မကြွရင် ဆွမ်းတစ်နပ်ပဲမစားရမှာဖြစ်ပြီး သံဃာ တော်တွေရဲ့အနာတွေ အပူတွေဟာ တစ်ရက်ထဲနဲ့မပျောက်ကင်းနိုင်ပါဘူးဘုရားဆိုတဲ့ စာတွေကပ်ထားတယ်။ သံဃာတော်တွေကလည်း ဆွမ်းလောင်းမယ့်နေ့မှအားလုံး သပိတ်မှောက်ဖို့ စီစဉ်ထားပြီး ကျောင်းတိုက်ထဲမှာ ရှိတဲ့ တိုက်အုပ်ဆရာတော်တွေက ငါ့ရှင်တို့ဆွမ်း အလှုခံမှာလားလို့မေးပါတယ်။ အားလုံးက ဆွမ်းအလှူမခံပါဘူး လို့လျှောက်တင်ကြတော့ အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ငွေ ကျပ် ၁၇ သိန်းတန် ဆွမ်း အလှူပွဲမဖြစ်ခဲ့ပါဘူး။ စာအောင်သံဃာတော်တွေ အောင်လက်မှတ်ဆပ်ကပ်ပွဲတော့ဖြစ်ခဲ့ပါတယ်'" ဟု မဟာဇောတိကရာမတိုက်မှ သံဃာတော် တစ်ပါးကမိန့်ကြားခဲ့သည်။
မဟာဇောတိကရာမတိုက်မှပင့်ဖိတ်ထားခြင်းခံရသည့်ဆရာတော် သုံးပါးသည်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သောတောင်းပန်ပွဲဟု ဒေသခံများသိထားသော သြ၀ါဒခံယူပွဲသို့ လုံးဝလာရောက်ခြင်းမရှိကြောင်းသိရ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။