Saturday, December 1, 2012

ရခိုင်နှင့် ကချင်ပြည်နယ်အရေး ဘက်လိုက် မပြော၍ အပြစ်တင်လျှင်ခံယူ မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


ရခိုင်နှင့် ကချင်ပြည်နယ် အရေး ဘက်လိုက် မပြော၍ အပြစ် တင်လျှင် လည်း ခံယူ သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ရခိုင် အရေးနှင့် ကချင်ပြည်နယ် စစ်မီးကိစ္စများအား ငြိမ်းချမ်းအောင် ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဘက်လိုက်မပြော၍ အပြစ်တင်မည် ဆိုပါက ခံယူ သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။


”ဒီဘက်ကို အားပေးရမယ်။ဟိုဘက်ကို ရှုတ်ချရမယ်ဆိုတာမျိုး ကျွန်မ မလုပ်ဘူး။ မလုပ်တဲ့အခါ ဝေဖန်ခံရတော့ ဘယ်လိုခံစားရလဲလို့ မေးတယ်။ အဲဒီလိုမမေးနဲ့၊ အဝေဖန် မခံရရင် ဘယ်လိုခံစားရလဲလို့ စဉ်းစားကြည့်ပါ။ နိုင်ငံရေး လုပ်တာ အချိန်မရွေး ဝေဖန်ခံရမှာပဲ။ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံး ငြိမ်းသွားအောင် အားလုံး စုပေါင်းပြီး စဉ်းစားပေးစေချင်တယ်။ ဝိုင်းပြီး လက်ညှိုးထိုးလို့ ပြီးသွားမှာ မဟုတ်ဘူး။ ဒီဘက်က ပိုဆိုးတယ်၊ ဟိုဘက်က ပိုဆိုးတယ်လို့ပြောရင် ပြောခံရသူက စိတ်ဆိုး မယ်။ ရင်ကြားစေ့ရေးဟာ ပိုပြီးတော့ ခက်လာမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များအား တည်ခင်းသော ညစာစားပွဲတွင် ပြောကြား လိုက်သည်။
လက်ရှိတွင် ထိုကဲ့သို့ ဝေဖန် ပြောဆိုမှုများအား မိမိအနေဖြင့် ခံယူသွားမည် ဖြစ်ပြီး ပြည်တွင်း ပဋိပက္ခသည် ကမ္ဘာတွင် ဖြစ်ရိုးဖြစ် စဉ် ကိစ္စတစ်ခုကဲ့သို့ ရှိခဲ့ကြောင်း၊ ယင်းကိစ္စသည် ပဋိပက္ခများအကြား စီးပွားရေးတိုးတက်မှုနှင့် ပတ်သက် မှုမရှိဘဲ ပဋိပက္ခ အချင်းချင်း၏ ရင် တွင်းမီးများကိုပါ ငြိမ်းအေးနိုင်ရန် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ရှင်းပြသည်။
”စစ်မီးငြိမ်းသွားဖို့ ဆိုတာ ကျွန်မတို့ရဲ့ နှလုံးသားတွေမှာ တောက်နေတဲ့မီးငြိမ်းမှ ဖြစ်မှာ။ အပြင်မီးငြိမ်းပြီး အတွင်းမီးမငြိမ်း ရင် အချိန်မရွေး တောက်လောင် လာနိုင်တယ်။ အချင်းချင်းအပေါ်မှာ ရှိတဲ့ ဒေါသမီးတွေ ငြိမ်းသွားအောင် ကြိုးစားရမယ်။ ပြောနေကြသလို လက်ညှိုး မထိုးရကောင်းလားဆိုပြီး အပြစ် တင်ရင် ကျွန်မခံလိုက်မယ်။ကိုယ့်ရဲ့ လူမျိုး၊ ကိုယ့်ရဲ့ယဉ်ကျေးမှု မာန်ဆိုတာရှိတယ်။ အဲဒီမှာသူတို့ရဲ့ လူမျိုးတွေ ကို ချစ်တဲ့စိတ်၊ ဂုဏ်ယူ တဲ့စိတ်၊ အဲဒီစိတ်တွေဟာ ဘယ် တော့မှ ဖယ်ရှားလို့မရဘူး။ ပိုက်ဆံ ပေးပြီး ဖယ်ရှားလို့လည်း မရဘူး။ စီးပွားရေးအောင်မြင်အောင်လုပ်ပြီး ဖယ်ရှားလို့လည်း မရဘူး။ ပညာ တတ်ပြီး စီးပွားရေးမြင့်တက်လာရင် ကိုယ့်ယဉ်ကျေးမှု ကိုယ့်လူမျိုး အ ပေါ်မှာ ဂုဏ်ယူတဲ့ စိတ်တွေဟာ ပို တောင်မှ ခိုင်မာသေးတယ်။ ဒါက ကမ္ဘာရဲ့ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဂုဏ်ယူ တဲ့စိတ်၊ မြတ်နိုးတဲ့စိတ်ကိုအားပေးရ မယ်၊ လေးစားရမယ်”ဟုဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။
ထို့အပြင် ၄င်းက ”ဒီကိစ္စကို လွှတ်တော်ကစရမယ်ဆိုတာ အ သင့်တော်ဆုံးနေရာပဲ။ တစ်နိုင်ငံလုံးက ကိုယ်စားလှယ်တွေ ရောက်နေ တယ်။ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ ရောက်နေတယ်။ ဗမာအများစု ရှိတယ်။ ဒီမှာ အပေးအယူ လုပ်ရမယ်။ ဒီနိုင်ငံမှာ အပေးအယူ ယဉ်ကျေးမှုက အင်မတန်အားနည်းတယ်။ ပေးရတာကို ရှုံးတယ်လို့ ထင်ကြတယ်။ တကယ်ကျတော့ ပေးရတာက အမြတ်အများကြီးရှိတယ်လို့ သဘောပေါက်ဖို့လိုတယ်။ ကိုယ်ပေးရ တဲ့ အခြေအနေ၊ ကိုယ်ယူရတဲ့အခြေ အနေပေါ့။ ဆွေးနွေးညှိနှိုင်းပြီး အပေး အယူလုပ်တာကို ကျွန်မတို့ နိုင်ငံမှာမရှိခဲ့ဘူး။ လေ့ကျင့်ယူရ မယ်” ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။