Saturday, December 1, 2012

စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦး သေဆုံး


မရမ်းကုန်း မြို့နယ်နေ မပိုးပိုးမွန် အသတ် ခံရမှုဖြင့် မသင်္ကာ၍ ခေါ်ယူစစ် ဆေးခံရသူ
မျိုးမြင့်ဆွေ(ခ)ပြည်စိုး(ခ)ကု လားကြီး ဘုရင့်နောင် ရဲစခန်းဝင်း အတွင်း စစ်ဆေးနေစဉ် သေဆုံးသွားသဖြင့် ရဲဝန် ထမ်း ၁၁ ဦးမှာ အရေးယူခံရပြီး ၄င်း ရဲဝန်ထမ်း ၁၁ ဦးအနက် ၂ ဦးမှာ သေဆုံးသွားကြောင်း ရဲစခန်းဝင်း အတွင်း စစ်ဆေးစဉ် သေဆုံးသွားသူ၏ မိသားစု ဝင်များထံမှ သိရှိရသည်။


“ကုလားကြီးသေဆုံးမှုနဲ့ ပတ်သက် တဲ့ ရဲဝန်ထမ်း ၁၁ ဦးကို ရဲတရားရုံးက အရေးယူလိုက်တယ်၊ အဲဒီအထဲက ရဲ ၂ ယောက် သေသွားတယ်”ဟု မျိုးမြင့် ဆွေ (ခ) ပြည်စိုး (ခ)ကုလားကြီး၏ အစ်မ ဒေါ်တင်တင်အုန်းက ပြောသည်။
အဆိုပါ မျိုးမြင့်ဆွေ (ခ)ပြည်စိုး (ခ)ကုလားကြီးအား ဘုရင့်နောင်ရဲစခန်း မှ မပိုးပိုးမွန်အသက်ခံရမှုနှင့် မသင်္ကာ၍ ဇူလိုင် ၅ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် သေဆုံး သွားကြောင်း၊ မျိုးမြင့်ဆွေ (ခ) ပြည်စိုး (ခ) ကုလားကြီးသေဆုံးမှုကို မရမ်းကုန်း မြို့နယ် တရားရုံးမှ ပြစ်မှုထွေအမှတ် ၁၆၁/၁၂ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၄ အရ စစ်ဆေးခဲ့ကြောင်း ၄င်း က ပြောသည်။
နိုဝင်ဘာ ၉ ရက်နေ့တွင် မရမ်း ကုန်းမြို့နယ်တရားရုံးမှ သက်သေထွက် ဆိုချက်များ၊ ဆရာဝန်၏ထွက်ဆိုချက်များ၊ သက်သေခံ စာရွက်စာတမ်း၊ သက်သေခံ ဓာတ်ပုံမှတ်တမ်းများအရ ဒဂုံအရှေ့ပိုင်းမြို့ နယ်၊ ၁၅၆ ရပ်ကွက်နေ (ဘ) ဦးလှမြင့်၏သား သေဆုံးသူမျိုးမြင့်ဆွေ (ခ) ပြည်စိုး (ခ) ကုလားကြီးသည် ဓမ္မတာအတိုင်း သေဆုံးသည်ဟု တစ်ထစ်ချ ကောက်ယူ နိုင်ရန် ခဲယဉ်းကြောင်း မှတ်ချက်ပြု ဆုံးဖြတ်သည်ဟု ဖော်ပြပါရှိသည်။
“ကုလားကြီး အမှုနဲ့ ပတ်သက်တဲ့ ရဲတွကို ရဲတရားရုံးက ၁၉ ရက် ၁၀ လပိုင်းက အမိန့်ချတယ်၊ အားလုံး ရဲဝန် ထမ်း ၁၁ ဦး၊ အနောက်ပိုင်း ခရိုင်မှူးကြီး ဦးမျိုးအောင်ကို နေပြည်တော်ရဲချုပ်က ခေါ်ယူသတိပေးခဲ့တယ်၊ မင်ပြာတစ်ချက် ထိတယ်၊ အနောက်ပိုင်းခရိုင်ရုံး ဒုရဲ မှူး ငြိမ်းချမ်းအောင်ကို လုပ်သက် ၂ နှစ်လျှော့ ဧရာဝတီတိုင်းရွှေ့၊ အနောက်ပိုင်း ခရိုင် ရုံးက ဒုရဲအုပ်မျိုးညွန့်လူက လုပ်သက် ၂ နှစ်လျှော့ ရန်ကုန်တိုင်းရွှေ့၊ မရမ်းကုန်း မြို့နယ်မှူး ဦးကျော်ဇင်ဝင်းက မင်နီ ၅ချက်ထိ၊ ရာထူးရပ်ဆိုင်း၊ နယ် ပြောင်း၊ ပင်စင်ခံစားခွင့်မရှိ၊ ဘုရင့်နောင် စခန်း မှူး ရဲအုပ်ငွေစိုး ရာထူးလျှော့၊ စစ်တွေ ရဲတပ်ရင်း (၁၂) ပြောင်းရွှေ့၊ ဘုရင့်နောင် ရဲစခန်းက ဒုရဲအုပ် သက်ကိုကိုမောင်၊ ဒုရဲအုပ် ဇော်ထူး၊ ဒုရဲအုပ် ညွန့်ဝင်းထွန်း တို့ကို ၃ နှစ်လုပ်သက်လျှော့၊ ဘုရင့်နောင် ရဲစခန်းက ရဲတပ်ကြပ် အောင်နိုင်ဦး၊ ရဲတပ်ကြပ် ညီညီလွင်တို့ကို အမှုစစ်ဆေး နေစဉ် လုံခြုံရေးဖြစ်လို့ လုပ်သက် ၂ နှစ်လျှော့တယ်၊ အနောက် ပိုင်းခရိုင်က ရဲတပ်ကြပ်ဝင်းဇော်ကို အလုပ်က ရာသက်ပန် ထုတ်ပယ်လိုက်တယ်၊ အဲဒီ ၁၁ ဦးထဲက ရဲတပ်ကြပ် ဝင်းဇော်က ၁၆ ရက် ၁၀ လပိုင်းမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးတယ်၊ ရဲအုပ် ငွေစိုးက ၁၂ ရက် ၁၁ လပိုင်းမှာ စစ်တွေ ဆေးရုံမှာ ဆုံးသွားတယ်”ဟု မျိုးမြင့် ဆွေ၏ အစ်မ ဒေါ်တင်တင်အုန်းက နိုဝင်ဘာ ၂၂ ရက်တွင် ဆိုသည်။
အဆိုပါ ရဲတပ်ဖွဲ့များအား အရေး ယူမှုနှင့် ပတ်သက်၍ မျိုးမြင့်ဆွေ၏ မိသားစုများက အမှန်တရားကို ပေါ်လွင် စေချင်ကြောင်း၊ မတရားခံရမှုများကို အများပြည်သူများ သိစေချင်ကြောင်း ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။