
လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် တရုတ်သံရုံးသို့လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်မှုတစ်ခုကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
လမ်းလျောက်ဆန္ဒ ထုတ်ဖော်နေသူများသည် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ၏ ဓါတ်ပုံများကိုင်ဆောင်ပြီး "လက်ပံတောင်းတောင်တွင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းရသဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် " ဟု ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ဆန္ဒဖော်ထုတ်မှုပြုလုပ်နေသူများအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ယခုဆန္ဒထုတ်ဖော်မှုအား တရားဥပဒေနှင့် ကိုက်ညီမှုမရှိသဖြင့် ဆက်လက်မလုပ်ဆောင်ရန် လာရောက်တားမြစ်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်သူများမှ လက်မခံဘဲ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်သို့ ဆက်လက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖောမှုပြုလုပ်သူများသည်နဂိုမူလကတရုတ်သံရုံးရှေ့တွင်ဆန္ဒထုတ်ဖော်မှုအားပြုလုပ်ရန်စီစဉ်ထား သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှိရာ ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့် အရောက်တွင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်မှ တရုတ်သံရုံးရှေ့သို့ ၀င်ရောက်ခွင့်မပြုဘဲ လမ်းပိတ်ထားသဖြင့် ဆန္ဒဖော်ထုတ်သူများသည် ပြည်ထောင်စုရိပ်သာလမ်းနှင့် ဗဟိုလမ်းထောင့်မှပင် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် ပြီးဆုံးသွားသဖြင့် လူစုခွဲသွားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။