Saturday, December 1, 2012

ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်


ရန်အောင်မြင် သာသနာ့ နယ်မြေ အတွင်း လျောင်းတော်မူ ကြေးသွန်း ဘုရားကြီး တည်မည်ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက် မေတ္တာ ချောင်းကူး ရန်အောင်မြင် ကျောင်းတိုက် ဝင်းအတွင်း၌ စေတီဘုရား (၁၀) ဆူ တစ်ပြိုင်တည်း၊ တစ်နေရာတည်း ဖူးမြင် နိုင်မည့်အပြင် လျောင်းတော်မူ ကြေး သွန်းဘုရားကြီးထပ်မံတည်ရန် စီစဉ် လျက်ရှိကြောင်း ၄င်းကျောင်းတိုက်ရှိ အရှင်သုမနက ဆိုသည်။

“လျောင်းတော်မူကြေးသွန်းဘုရား ကြီး တည်မယ့် ကိစ္စ စီစဉ်နေပြီ။ အလျား၃၅ ပေရှိမယ်လို့ ဆရာတော်ဘုရား မိန့် သလောက် သိထားတယ်။ သေချာ စီစဉ် တာမျိုးတော့ မလုပ်ရသေးဘူး။ ဒီ ရန် အောင်မြင် သာသနာနယ်မြေက စေတီ ဘုရားတွေ ထပ်ပြီး တည်ထား ကိုးကွယ် ရတဲ့ အကြောင်းအရင်းက သမိုင်းဝင် ယက္ခမာန်ချ ရန်အောင်မြင်ဘုရားကြောင့် ပါ” ဟု ၄င်းက မိန့်သည်။
အဆိုပါ ရန်အောင်မြင် သာသနာ နယ်မြေ ကျောင်းတိုက်ဝင်း အတွင်း၌ ပထမဦးဆုံးတည်သော စေတီမှာ ဝဋ် ကြွေးတော်ပြေ စေတီတော် ဖြစ်ပြီး သက္ကရာဇ် ၂၀ဝ၀ ခုနှစ်တွင် ဒုက္ခရောက် သူတိုင်း၊ ဆင်းရဲ ပူဆွေးမှုနှင့်တွေ့သူတိုင်း ရောဂါဆိုး၊ မိဆိုး၊ ဖဆိုး၊ လင်ဆိုး၊ မယား ဆိုး၊ သားဆိုး၊ သမီးဆိုး၊ မိတ်ဆွေဆိုး နှင့် တွေ့ကြရသူ သတ္တဝါ အားလုံးတို့၏ ဝဋ်ကြွေး၊ ကံကြွေးပြေပျောက်စေရန် တည်ထားခဲ့ပြီး ဘဝဘဝ ရှေ့က လွန် ကျူးခဲ့သော မကောင်းကံ၊ ယခုဘဝပြုခဲ့ ဖူးသော မကောင်းကံ မှန်သမျှ ကြေပျက် စေရန် နှစ်သိန်းလေးသောင်း ဗုဒ္ဓရုပ်ပွား တော်များ ဝန်းရံ၍ မဟာပံသုသက်သေ စေတီ ကံြွေကးတော်ကြေစေတီကို ဆက်၍ တည်ခဲ့ကြောင်း ကျောက်စာ ဖော်ပြ ချက်အရ သိရသည်။
“အဲဒီလို . . .ဝဋ်ကြွေးတော်ပြေ၊ကံ ကြွေးတော်ကြေ စေတီများတည်ပြီး နောက် အောင်ပြည့်ဒိဗ္ဗဆုတော်ပေး ဘုရားကြီးကို ၂၀ဝ၁ ခုနှစ်၊ လွတ်ငြိမ်းစံ စေတီကို ၂၀ဝ၃ ခုနှစ်၊ လိုချင်တိုင်း ပြည့်စေတီကို ၂၀ဝ၆ ခုနှစ်၊ အမျက်တော် ပြေစေတီကို ၂၀ဝ၇ ခုနှစ်၊ နဂါးရုံဘုရား တို့ကို တည်ခဲ့တယ် . . . သမိုင်းဝင် ယက္ခ မာန်ချ ရန်အောင်မြင်ဘုရားကို အများ သူငှာ ဖူးမြော်ရန်အတွက် ကိုးသိန်းကိုးသန်းမြောက် စေတီကို ၂၀ဝ၉ ခုနှစ်မှာ တည် ပြီး တကယ့်အနှစ်ရှိတဲ့ ဘုရားကို ဖူးမြော် စေခဲ့တယ်”ဟု လွတ်ငြိမ်းစံ စေတီရှိ ဘုန်းတော်ကြီးက မိန့်သည်။
၎င်းရန်အောင်မြင် သာသနာ နယ် မြေဝင်းအတွင်း၌ တည်ထားပြီးသော စေတီ၊ ဘုရားများမှာ ယခုလက်ရှိတွင် ၁၀ ဆူအထိရှိခဲ့ပြီး လျောင်းတော်မူ ကြေး သွန်းဘုရားကြီး ထပ်မံတည်ခဲ့ပါက ၁၁ ဆူမြောက် ဖြစ်လာမည်ဟု ၄င်း၏ အဆို အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။