Showing posts with label မြန်မာတိုင်း. Show all posts
Showing posts with label မြန်မာတိုင်း. Show all posts

Friday, March 29, 2013

လိုင်းကား မတော်တဆမှုများကြောင့် မတ်လ ပထမလ၀က်အတွင်း လူသုံးဦးသေဆုံး


မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း၊ ယာယီယာဉ် ရောင်းဝယ်ရေးစခန်းအနီးတွင် လိုင်းကားတစ်စီး အရှိန်လွန်ကာ မတော်တဆမှု ဖြစ်ပွားခဲ့စဉ်။ ရဲနောင်/မြန်မာတိုင်း(မ်)မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း၊ ယာယီယာဉ် ရောင်းဝယ်ရေးစခန်းအနီးတွင် လိုင်းကားတစ်စီး အရှိန်လွန်ကာ မတော်တဆမှု ဖြစ်ပွားခဲ့စဉ်။ ရဲနောင်/မြန်မာတိုင်း(မ်)
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ
ကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်များသည် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမ
လ၀က်အတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်းနှင့် အပြင်တွင် ယာဉ်တိုက်မှု
နှစ်မှု၊ ယာဉ်တိမ်းမှောက်မှု တစ်မှု၊ ယာဉ်မတော်တဆမှုတစ်မှုတို့ ဖြစ်ပွားခဲ့ပြီး သေဆုံးသူသုံးဦး၊
ဒဏ်ရာ ရရှိသူ ကိုးဦးရှိခဲ့ကြောင်း မထသ (ဗဟို)မှ စာရင်းအရ သိရသည်။