Saturday, December 8, 2012

CNF နှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ရန်ကုန်တွင် ဆွေးနွေး

ချင်းအမျိုးသားတပ်ဦး(CNF)နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေး စင်တာတွင် သောကြာနေ့ နံနက် ၁၀ နာရီမှ စတင်ခဲ့သည်။ 

ဆွေးနွေးပွဲတွင် နှစ်ဘက်ခေါင်းဆောင်များ အလွတ်သဘော ဆွေးနွေးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့တွင်
ဆွေးနွေးပွဲရလဒ်တခု ရရှိမည်ဟု သိရသည်။

"ဆွေးနွေးရမယ့် အချက်တွေထဲမှာ သဘောတူညီရမယ့် အချက်တွေ အများကြီးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ
အောင်မြင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်" ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြောသည်။ 

အစိုရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်ပိုင်းတို့ တက်ရောက်ခဲ့ပြီး CNF ဘက်မှ အတွင်းရေးမှူး ပူးဇင်ကျုံး၊ အထွေထွေအတွင်းရေးမှူးချုပ်
ဒေါက်တာ ရွှေခါး အပါဝင် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦး တက်ရောက်ခဲ့ကြသည်။ 

ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို မေလအတွင်က ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။