Saturday, December 8, 2012

ဆီးဂိမ်းအတွက် မြန်မာ့ရိုးရာခြင်းလုံး လက်ရွေးစင် ရွေးမည်

(၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် မြန်မာ့ရိုးရာ ခြင်းလုံး ကစားနည်း အတွက် မြန် မာ့လက်ရွေးစင် ရွေးချယ်မည့်ပြိုင် ပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လအ တွင်း ရန်ကုန်မြို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း ရှစ်မျိုးထည့်သွင်း ကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ လက်ရှိရွေးချယ်လေ့ကျင့်ပေးနေ သော ကစားသမားများအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူရွေးချယ်ပွဲ ပြုလုပ်ခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲအောင်က ပြောသည်။

ဆီးဂိမ်းအတွက် မြန်မာ့ရိုးရာခြင်းလုံး လက်ရွေးစင် ရွေးမည်

"လက်ရွေးစင်ရွေးချယ်ခံရ ရင် တစ်နှစ်ပတ်လုံး နေပြည်တော် မှာ စခန်းသွင်းလေ့ကျင့်မှုခံယူနိုင် တဲ့သူဖြစ်ရပါမယ်။ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးစစ်ဆေးမှုခံယူ နိုင်တဲ့သူလည်း ဖြစ်ရပါမယ်။ ပြိုင် ပွဲဝင်အရေအတွက်လည်း ကန့် သတ်ထားခြင်းမရှိပါဘူး" ဟု ဦးရဲ အောင်က ပြောသည်။

ပဏာမ အားကစားသမား များအဖြစ် အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၃၀ ဦးရွေးချယ်ရန် စီစဉ်ထားကြောင်းနှင့် ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သတင်း ရရှိသည်။

ဝင်ရောက်ယှဉ်ပြိုင် ရွေး ချယ်မည့် မြန်မာ့ရိုးရာ ခြင်းလုံးအား ကစားသမားများသည် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း နှင့် ဖုန်း -ဝ၁-၃၉၃၄၂၀ သို့ စုံစမ်း နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အားကစားအဖွဲ့များသည်လည်း ယခုလ ၁၄ ရက်တွင် အာဆီယံ နိုင်ငံ ခုနစ်နိုင်ငံသို့ သွားရောက်၍ မြန်မာ့ရိုးရာခြင်းလုံးအားကစား နည်းများကို သရုပ်ပြလှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။