Friday, September 14, 2012

ကျူးကျော် နေထိုင်နေကြတဲ့ နာဂစ် ဒုက္ခသည်တွေကို ဖယ်ရှား ခိုင်းနေကြ


ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် တံတားချောင်း ကျေးရွာမှာ ကျူးကျော် နေထိုင် နေကြတဲ့ အိမ်ခြေ ၆၅ လုံးကို သက်ဆိုင်ရာ တာဝန် ရှိသူတွေက
ဖယ်ရှား ခိုင်းနေတယ်လို့ သိရပါတယ်။ အဆိုပါ ကျူးကျော်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းကြောင့် နေစရာနေရာ မရှိတော့ဘဲ
မြေလွတ် မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး နေထိုင် နေကြတာလဲ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ဖယ်ရှား ခိုင်းပေမယ့် စတင် နေထိုင်သူတွေရဲ့
အိမ်တွေဟာ အိမ်နံပါတ် ကျထားပြီးသား တရားဝင် ဖြစ်နေတာကြောင့် ပြောင်းရွှေ့မပေးနိုင်ဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။