Thursday, June 7, 2012

ဆူးလေတွင် မွတ်စလင်လူမျိုး(၂၀)ကျော် ဆန္ဒထုတ်ဖော်

ဆူးလေရှိ ဘန်ဂါလီစွန္တွီဂျာမေဗလီဝတ်ပြုကျောင်းရှေ့တွင် ယနေ့ ဇွန်လ(၅)ရက်နေ့နေ့လည်ပိုင်းမှစ၍   မွတ်စလင်လူမျိုး(၂၀)၀န်းကျင်ကတောင်ကုတ်မြို့တွင် သေဆုံးသွားသူများ၏   ဓါတ်ပုံများကိုင်ဆောင်ကာ
ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။

 
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် တရားဥပဒေစိုးမိုးရေးစာတန်းကိုင်ဆောင်သူများနှင့်   သေဆုံးသူဓါတ်ပုံ ကိုင်ဆောင် သူများက အစိုးရအနေဖြင့်ထိရောက်စွာအရေးယူပေးရန်   တောင်းဆိုမှုများရှိကြောင်းကိုလည်း သိရသည်။



အဆိုပါဆန္ဒထုတ်ဖော်သည့်နေရာသို့(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်  တစ်ဦးဖြစ်သူ ကိုမြအေး မှနေ့လည်  ပိုင်းတွင် သွားရောက်ဖြန်ဖြေပေးခဲ့ကြောင်းကိုလည်း သိရှိရသသည်။

ကြေမုံသတင်းစာတွင် မွတ်ဆလင်ကုလားဟု ဖော်ပြရေးသားထားသည့်အပေါ်တွင်လည်းဆန္ဒပြသူ များက   ကျေနပ်မှု  မရှိကြောင်းကိုလည်း ဆန္ဒထုတ်ဖော်သူများ၏ပြောဆိုမှုများအရ   သိရှိရသည်။

ညနေ (၃း၃၀)၀န်းကျင်တွင် ဆန္ဒပြသူများနှင့် စောင့်ကြည့်သူ လူဦးရေ(၄၀)၀န်းကျင်ကျန်ရှိပြီး၊     ဆန္ဒပြသူများနှင့် လာရောက်ကြည့်ရှု့သူအချို့နှင့်  စကားပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့ပြီးရုန်းရင်းဆန်ခတ်မှုများလည်း   ဖြစ်နေကြောင်း   ဆူးလေသို့ရောက်ရှိနေသည့်မြစ်မခသတင်းထောက်က&nb3p; သတင်းပေးပို့ထားသည်။
 
“လူတယောက်က ကားခေါင်မိုးပေါ်တက်ပြီး၊ ဒီလုပ်ဆန္ဒထုတ်ဖော်မှုမျိုးတွေမလုပ်ဖို့   တားမြစ်ရာကနေ ရှုန်းရင်းဆန်ခတ်စဖြစ်တာ၊ ကျွန်တော်တို့တောင်ထွက်ပြေးရတယ်”ဟု   ဆူးလေသို့ရောက်ရှိနေသူ မျက်မြင် သက်သေတစ်ဦးက ဆိုသည်။

ညနေ(၃း၄၅)မိနစ်ဝန်းကျင်တ��င် အဆိုပါနေရာသို့ ရဲများရောက်ရှိလာပြီးလူစုခွဲသဖြင့် လူစုကွဲသွားကြောင်း ကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။