Thursday, June 7, 2012

i-payကဒ် ငွေဖြတ်စက် ဘက်ထရီ အသုံးခံချိန်နည်းပါးသောကြောင့် အခက်အခဲဖြစ်နေ

အဓိပတိယာဉ်လိုင်းများတွင်  i-pay အသုံးပြုနိုင်သော  HandheldPOS)ငွေဖြတ်စက်များ တပ်ဆင်ထားသောလည်း
ဘက်ထရီအသုံးခံချိန်နည်းပါးသောကြောင့် ၊အခက်အခဲဖြစ်လျက်ရှိကြောင်းအဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်များက   ပြောသည်။


 
အဆိုပါ အဓိပါတိယာဉ်များပေါ်တွင်အသုံးပြုနေသည့် ငွေဖြတ်စက်များတွင်ပါရှိသော ဘတ္ထရီမှာ (၆) နာရီသာ အသုံး ခံခြင်း၊ ငွေဖြည့်စက်ဘက်ထရီကုန်သွားပါက i-pay station များတွင် ၀င်ရောက်၍ဘတ္ထရီတစ်လုံးအား  လဲလှယ်ရခြင်းတို့ကြောင့်   ယာဉ်လိုင်းများမှာအချိန်ကုန်ခြင်း၊ ခရီးလမ်းကြန့်ကြာခြင်းတို့နှင့်ကြုံတွေ့ရကြောင်းအဆိုပါအဓိပါတိလိုင်းမှ   ယာဉ်နောက်လိုက်များက ပြောသည်။



`ဘက်ထရီကုန်နေချိန်မှာ ဘက်ထရီးဝင်ဖြည့်ရင်လည်း ကြာတယ် ခရီးလည်းထောက်တယ်၊ဘက်ထရီကုန်ချိန်မှာ i-pay ကတ်နဲ့လာစီးတဲ့ ခရီးသည်တွေကို ရှင်းပြရတယ်၊အမြဲတမ်းဆိုရင်တော့ အဆင်မပြေနိုင်ဘူး`ဟု အဓိပတိယာဉ်လိုင်းမှ
ယာဉ်နောက်လိုက်တဦးက ပြောသည်။

အဆိုပါ ဘက်ထရီများ လဲလှယ်ရန်အတွက် i-pay station များ စီစဉ်ပေးထားကြောင်းi-pay ကတ်စနစ်ဝန်ဆောင်မှုပေးနေသော ကစ္ဆပနဒီ ကုမ္ပဏီလီမိတက်မှစီမံကိန်းမန်နေဂျာ ကိုအောင်ကျော်ကပြောသည်။


 “ဘတ်စ်ကားက အသွားအပြန်တစ်ကြောင်းဆိုရင် (၃)နာရီကြာတယ်။ ဘတ္ထရီက(၆)နာရီခံတယ်ဆိုတော့ (၂) ကြောင်း စာပဲရတယ်လေ။ ဘတ်စ်ကားတွေက တစ်နေ့ကို (၄)ကြောင်းပြေးဆွဲတာဆိုတော့ ကျန်တဲ့နှစ်ကြောင်းအတွက် နီးစပ်ရာ i-pay stationတွေမှာ ၀င်ပြီး ဘတ္ထရီတစ်လုံးနဲ့လဲလှယ်ဖို့စီစဉ်ထားတာပါ” ဟု i-payကတ်စနစ်ဝန်ဆောင်မှုပေးနေသော ကစ္ဆပနဒီ ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာကိုအောင်ကျော်ကပြောသည်။


လက်ရှိတွင် i-pay ငွေဖြတ်စက်များကို အဓိပတိအနီယာဉ်လိုင်းတွင် စက်အလုံးရေ(၅၀) လုံး၊ အဓိပတိယာဉ်လိုင်းအပြာတွင် (၅၈) လုံး နှင့် ပန်းဆိုးတန်း-ဒလပြေးဆွဲသော လူစီးသဘောင်္တွင် (၆) လုံး  စုစုပေါင်း ၁၁၄ လုံးအသုံးပြုလျက်ရှိကြောင်းသိရှိရသည်။


 “i-pay ကတ်ကိုသုံးရာနဲ့ဝယ်လိုက်တယ်။ ငွေဖြည့်မယ်လုပ်တော့ စက်ကဘတ္ထရီကုန်နေတယ် ဆိုတာနဲ့ ငွေ နှစ်ရာပေးပြီးပဲ စီးခဲ့ရတယ်” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ခရီးသည် တစ်ဦးက ပြောသည်။


တစ်ကတ်လျှင် ငွေ သုံးရာကျပ်ဖြင့် ၀ယ်ယူနိုင်ပြီး ငွေဖြည့်သွင်းရာတွင်ငွေကျပ်(၁၀၀၀) မှ ငွေ(၁) သိန်းအထိ   ဖြည့်သွင်းထားနိုင်ကြောင်း ၊အသုံးပြုပြီးလျှင် လက်ကျန်ငွေအဖြစ် ၁၀၀ိ ကျပ်ထားရှိရမည်ဖြစ်ကြောင်းသိရှိရသည်။


အဆိုပါ i-pay ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကိုဧပြီလ(၂)ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဓိပတိအနီ ယာဉ်လိုင်းနှင့်အဓိပတိအပြာ ယာဉ်လိုင်းများတွင်သာမက မေလ(၁) ရက်နေ့မှစ၍ ပန်းဆိုးတန်း-ဒလပြေးဆွဲသော   လူစီးသဘောင်္များပေါ်တွင်ပါအသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရှိရသည်။
 

အဆိုပါ ငွေဖြတ်စက်များမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းထားပြီးတန်ဖိုးအနေဖြင့် လေးသိန်းခွဲဖြစ်ကြောင်းသိရှိရသည်။
 
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။