Showing posts with label မင်းမင်းလတ် မန္တလေး (မြစ်မခ). Show all posts
Showing posts with label မင်းမင်းလတ် မန္တလေး (မြစ်မခ). Show all posts

Wednesday, May 30, 2012

ကျောက်ဝိုင်း ဆန္ဓထုတ်ဖော်မှုကြောင့် လူဝင်ခွင့်အား ယာယီရပ်ဆိုင်း၍ ပြန်လည်သုံးသပ်နေ

လူဝင်ခွင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိသောကြောင့် မန်းကျောက်မျက်ဈေးဝင်းအတွင်းတွင် ယနေ့နံနက်က လူဦးရေ တစ်ရာ့ငါးဆယ်နီးပါးပါဝင်သော ဆန္ဒထုတ်ဖေါ်မှုတစ်ရ ပ်ဖြစ်ပွားခဲ့သည်။
 
‘’သဘောမတူဘူးဆိုတဲ့သူက လူနည်းစုပါ ၊ ကျနော်တို့ကလဲ သဘောထား ကောက်ခံပြီးမှ ဒီကိစ္စကို လုပ်တာပါ ၊ ပြီးတော့လဲပြီးသွားမှာပါပဲ ဘာမှမဖြစ်ပါဘူး ၊ သူတို့ဖက်ကလဲ သူတို့သဘောထားထုတ်ပြတာပဲလေ’’ဟု မန္တလေး ကျောက်မျက်ဈေးအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက  ပြန်လည်ဖြေကြားသည်။