ပုသိမ်၊ ဇူလိုင် ၁၉၊ ၂၀၁၂ YPI
ယခင်လလယ်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးပိုင် ပဲဂိုထောင်အား မီးရှို့ခဲ့မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် သံဃာတော်၁၂ဦးအား ယခုလ ၁၀ ရက်နေ့က အမှုစွဲချက်မတင်မီ ရုပ်သိမ်းကာ တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဇူလိုင် ၁၈၊ ၂၀၁၂ (YPI) – ယမန်နေ့က စစ်တွေ အစိုးရနည်းပညာ ကောလိပ်မှ
ကျောင်းကြို ပို့ယာဉ်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ လူအုပ်စုက ဟန့်တားနှောက်
ယှက်ခဲ့သောကြောင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ဆရာမများမှာ
၎င်းလုံခြုံရေး အတွက်စိုး ရိမ်ကြပြီး ကျောင်းမတက် ရဲဖြစ်နေကြသည်။