Thursday, May 31, 2012

DETAIL NEWS Y-Talk ဖုန်းခေါ်ဆိုမှုအတွက် သီးသန့်စင်တာ(၅)ခု ထပ်တိုးဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် အင်တာနက်ဖုန်းခေါ်ဆိုမှုတွင် တစ်ခုအပါအ၀င်ဖြစ်သည့် Y-Talk ဖုန်းခေါ်ဆိုမှုအတွက် သီးသန့်စင်တာ (၅)ခုခန့်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
 


 
“ထပ်မံဖွင့်လှစ်မဲ့ စင်တာတွေမှာ  ကတ်ဝယ်နိုင်တဲ့အပြင် နိုင်ငံခြားကိုလည်း တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အင်တာနက်မြန်နှုန်းတွေကိုလည်း ပုံမှန်ထက် မြှင့်ပေးထားပါတယ်” ဟု VMG Telecom မှ တာဝန်ရှိသူက ပြောသည်။
 
YTalk ခေါ်ဆိုမှုအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်နှင့် VMG Telecoms ကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ရှိတွင် မင်္ဂလာတောင်ညွှန့် မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် YTalk   ခေါ်ဆိုနိုင်သည့်စင်တာ ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရှိသည်။
 
Y-Talk Sale & Call Center များကို ရန်ကုန်နှင့်မန္တလေးမြို့ကြီးများရှိ လူသုံးများသည့် အဓိက နေရာများတွင် ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အဆိုပါ YTalk သီးသန့် Call Center များကို လက်ရှိရန်ကုန်မြို့၌သာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး၊ အင်တာနက်မှတဆင့် တရားဝင်ဖုန်းခေါ်ဆိုနိုင်သည့် YTalk ဝန်ဆောင်မှုအား ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ အဓိကအသုံးပြုလျက်ရှိသည်။
 
“YTalk အသုံးပြုတဲ့သူအများစုက မြို့တွင်းပိုင်းကလူအများစုပါ၊ မြို့သစ်မြို့နယ်တွေက အင်တာနက် ဆိုင်တွေ မှာတော့ Pfingo, Skype စတာတွေကို ပဲသုံးနေကြတာတွေ့တယ်။ လူသိလည်း နည်းသေး တယ်လေ”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူ ကိုလင်းသန့် က ပြောသည်။
 
YTalk အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်ဆိုနိုင်ရန်အတွက် Softphone နှင့် ငွေဖြည့်သွင်းရန် ငွေဖြည့်ကတ်အား ဝယ်ယူအသုံးပြုနေရကြောင်း သိရှိရသည်။
 
YTalk အသုံးပြုနိုင်ရန်အတွက် FEC-(10)/(20)နှင့်(30)တန်ကဒ်များနှင့် မြန်မာကျပ်ငွေဖြင့် (၁၀၀၀၀)တန်ကဒ်များရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။