Thursday, May 31, 2012

 ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့


b5_9_17_1
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် Photo: AFP

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝတို့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံမှုသည့် သီးသန့်အနေဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး  သတင်းထောက်များကို သတင်းရယူ မပြုခဲ့ပေ။ သို့သော် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ် ၀ိဇ္ဇာဇီဝက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေသော ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီးဆစ်
အထူးသဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက်ဖြစ်နေသေးသည် အဘီးဆစ်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဘီးဆစ်တို့သည် မေလ ၃၁ ရက်နေ့တွင် တွေ့ဆုံရန် မူလက စီစဉ်ခဲ့ပြီးနောက် မေလ ၃၀ ရက်နေ့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၁ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်မည်ဖြစ်ပြီး ထိုညနေပိုင်းတွင် ပြုလုပ်မည့် ညစာစားပွဲ၌ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နှင့် တွေ့ဆုံမည်ဖြစ်ပါ သည်။ ထို့နောက် ဇွန်လ ၁ရက်နေ့တွင် World Economic Forum on East Asia 2012  ၌ မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မေလ ၂ရက်နေ့တွင် မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဖြစ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။