Sunday, May 13, 2012

 သတင်းမီဒီယာများမှ ထုတ်ဝေသူများ တွေ့ဆုံ၊ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ရပါက တွေ့ကြုံရနိုင်သည့် အခြေအနေများအပေါ် ဆွေးနွေး

သတင်းမီဒီယာများမှ ထုတ်ဝေသူများသည် မေလ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် Dufu စားသောက်ဆိုင်၌ တွေ့ဆုံခဲ့ပြီး ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ရပါက တွေ့ကြုံရနိုင်သည့် အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မီဒီယာလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသူများ အချင်းချင်း အပြန်အလှန် အကူအညီပေးရေး အပါအ၀င် ပုဂ္ဂလိကသတင်းစာများထုတ် ဝေခွင့်ရခဲ့ပါက တွေ့ကြုံရနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍...

အဆိုပါတွေ့ဆုံပွဲသို့ Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်၊ ဒေါက်တာသိန်းမြင့် (မန်နေးဂျင်းဒါရိုက်တာ)၊ ကိုဝေဖြိုး(အယ်ဒီတာချုပ်)၊ မိုးဆန်းပန်း မီဒီယာဥက္ကဋ္ဌ ဦးဇော်မင်းအေး၊ Art Man Media မှ ဦးအောင်ကျော်ဦး (Chairman)၊ ဒေါက်တာတင်ထွန်းဦး (CEO၊ The Myanmar Times  ဂျာနယ်နှင့် စွယ်စုံ Media Group) နှင့် ဇနီး၊ The Voice weekly ဂျာနယ်မှ ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင် (CEO) ၏ ဇနီးဒေါ်ဝင်းကလျာဆွေ၊ ဦးဇေယျသူ (တာဝန်ခံအယ်ဒီတာ၊ The Voice weekly)၊ Asia Fame Media မှ ဒေါ်နန်းကလျာဝင်း(CEO)၊ ဦးဖိုးနိုင်လင်း(အယ်ဒီတာချုပ်၊ ပေါ်ပြူ လာသတင်းဂျာနယ်)၊ 7day news ဂျာနယ်မှ ဦးမျိုးလှိုင်အောင် (ထုတ်ဝေသူ)တို့ တက်ရောက်ခဲ့ကြသည်။ မီဒီယာလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြသူများ အချင်းချင်း အပြန်အလှန် အကူအညီပေးရေး အပါအ၀င် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရခဲ့ပါက တွေ့ကြုံရနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။