
USS Freedom စစ်သင်္ဘော
USS Freedom စစ်သင်္ဘောကို လာရောက် တပ်စွဲထားမည်ဖြစ်သလို ကမ်းနီးဇုန် တိုက်ခိုက်ရေး သင်္ဘောလေးစီးအား တပ်စွဲရန်လည်း စီစဉ်နေကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် မလက္ကာ ရေလက်ကြားတစ်လျှောက်တွင် တည်ရှိ၍ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်ခုကို ဆက်သွယ်သော အဓိက အချက်အချာနေရာတစ်ခုဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းအား ဖြတ်သန်းရာ အချက်အချာ နေရာဖြစ်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာနှင့် စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen တို့ ပြီးခဲ့သည့်လက ၀ါရှင်တန်တွင် တွေ့စုံစဉ် ပန်နက်တာက ၀ါရှင်တန်သည် ဒေသတွင်းမိတ်ဖက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ လေ့ကျင့်မှုများတွင် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က သမ္မတအိုဘားမားသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ တိုက်ပွဲများပြီးနောက် အမျိုးသားလုံခြုံရေး အစီအစဉ်များအား အာရှ-ပစိဖိတ်ဒေသတွင် ပြန်လည်မြှင့်တင်ရန် ညွှန်ကြားခဲ့သည်။
သမ္မတအိုဘာမား ညွှန်ကြားခဲ့သည်ထဲတွင် ရေကြောင်းအချက်အချာကျသော စင်ကာပူတွင် ကမ်းနီးဇုန် တိုက်ခိုက်ရေး သင်္ဘောများ ဗဟိုပြုတပ်စွဲရန်၊ သြစတြေးလျ မြောက်ပိုင်းရှိ အမေရိကန် ရေတပ်များအား လဲလှယ်ဆောင်ရွက်သွားရန်နှင့် ဖိလစ်ပိုင်နှင့် စစ်တပ်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားရန်များ ပါဝင်ခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။