Sunday, May 13, 2012

 ဒီမိုကရေစီဖြစ်ထွန်းရေး လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အသီးအပွင့်များကို လူအများစု ခံစားရရှိနိုင်လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စု မျှော်လင့်နေ

7323
ဒီမိုကရေစီဖြစ်ထွန်းရေး လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး အသီးအပွင့်များကို လူအများစု ခံစားရရှိနိုင်လိမ့်မည်ဟု အမေရိကန် ပြည်ထောင်စုက မျှော်လင့်နေကြောင်း အေအက်ဖ်ပီ သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုမရှိဘဲ သီးခြားရပ်တည်နေမှုမှ နိုင်ငံတကာနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာရန်အတွက် နှစ်နှစ်ကျော်သံ တမန်နည်းလမ်းကို ကျင့်သုံးလာခဲ့ရာတွင် အမေရိကန် ပြည်ထောင်စုက ရှေ့ဆုံးမှ ရပ်တည်နေသည်။ သို့ရာတွင် ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ကနေဒါ တို့နှင့်မတူဘဲ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ် ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆက်လက်ထားရှိဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့်အနေဖြင့် မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနောက်နိုင်ငံများက ဖြေလျှော့ဆိုင်းငံ့မှုများ ပြီးခဲ့သည့်လများအတွင်း ပြုလုပ်ခဲ့ကြသလို ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှရရှိရန် ရှိသည့် ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျှော်ပစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသော အပြောင်းအလဲများသည် ၎င်းတို့ မျှော်မှန်းထားသည်ထက် ပို မိုမြန်ဆန်နေကြောင်းလည်း ရန်ကုန် အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များက ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှု ရောက်ရှိမှုဟာ ညီမျှဖို့ အရေးကြီးပါတယ်။ ပြုပြင် ပြောင်းလဲရေးတွင် သာမကပါဘူး။ ပြည်ပအထောက်အပံ့တွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေမှာ ညီမျှဖို့လိုပါတယ်
“နယ်စပ်ဒေသက မိတ်ဆွေတွေဆီက ကြားရတာကတော့ ပြုပြင်ပြောင်းလဲမှုတွေဟာ မညီမျှမှုတွေ အနည်းငယ်ရှိနေပြီး နိုင်ငံအနှံ့ကို မရောက်သေးဘူး ဆိုတာပါပဲ”ဟု အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ပတ်ထရစ်ခ်မာဖီက ပြောကြားခဲ့သည်။
“ပြုပြင်ပြောင်းလဲမှု ရောက်ရှိမှုဟာ ညီမျှဖို့ အရေးကြီးပါတယ်။ ပြုပြင် ပြောင်းလဲရေးတွင် သာမကပါဘူး။ ပြည်ပအထောက်အပံ့တွေနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေမှာ ညီမျှဖို့လိုပါ တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းကဝေးလံပြီး ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ သွားရောက်နိုင်ခွင့်မှာ တိုးတက်လာကြောင်း နှင့် ယင်းကဲ့သို့ သွားရောက်နိုင်ခွင့်ကို ချွင်းချက်အနေနှင့် မဟုတ်ဘဲ ပုံမှန် ရရှိလာရန်ကိုလည်း မြင်လိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ပတ်ထရစ်ခ်မာဖီက ၀ါရှင်တန်အနေဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူ ပိတ်ဆို့မှုများ ထပ်မံဖြေလျှော့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးလျက် ရှိကြောင်းနှင့် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးကို ခန့်အပ်နိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန် ပြည်ထောင်စု၏ အရေးယူပိတ် ဆို့မှုများကို ပြင်ဆင်နိုင်ရန် အတွက် အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်အပါအ၀င် သက်ဆိုင်သူ အားလုံးနှင့် ဆောင်ရွက်လျက်ရှိကြောင်း ပတ်ထရစ်ခ်မာဖီက ပြောကြားခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများသည် ပြည်ထောင်စုဥပဒေ၊ သမ္မတအမိန့် အစရှိသဖြင့် ရှုပ်ထွေးလှကြောင်း လည်း မှတ်ချက်ပြုခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန် မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်က စတင်ခဲ့သည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။