ကချင်ပြည်နယ်တွင် စစ်ပွဲများပြီးစီးသွားသည့်အချိန်အထိ “လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း " အဖွဲ့သားများက သီဆိုဖျော်ဖြေ အလှူခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဂီတအဖွဲ့သားတွေက စစ်ပွဲတွေပြီးတဲ့အထိ၊ စစ်ပွဲတွေမရပ်မချင်း လုပ်ခွင့်ရသလောက် ကျွန်တော်တို့ ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာလက်ဘက်ရည်ဆိုင်တွေမှာသီဆိုဖျော်ဖြေမှုတွေပြုလုပ်ပြီးသွားမှာပါ” ဟု ဦးရဲလွင် ကပြောကြားသည်။
ကချင်ပြည်နယ်စစ်ဘေး
ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရန် ဦးရဲလွင် ဦးဆောင်သည့် အဖွဲ့သည်
လွတ်ငြိမ်းချမ်းပန်းရဲ့ လမ်းအမည်ဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သီဆိုဖျော်ဖြေမှုများပြုလုပ်ပြီး ရန်ပုံငွေများ လိုက်လံကောက်ခံလျက်ရှိသည်။
“ပြီးခဲ့တဲ့
Sunday က ရတဲ့ ပိုက်ဆံတွေကို မန္တလေးကို တက်ပြီးတော့ မန္တလေးမှာပါရတဲ့
ပိုက်ဆံအားလုံး စုစုပေါင်းကို ကချင်ပြည်နယ်ကို ရသလောက် ချက်ချင်း
လှူဖို့ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ဆိုခွင့် ရသလောက် ဆိုသွားမှာပါ။
လက်ဖက်ရည်ဆိုင်မှာ လိုက်ဆိုတယ် ဆိုတော့ သူများမလုပ်တဲ့ဟာကို
စမ်းကြည့်တာပါ။’ဟု ကိုရဲလွင်က ဆက်ပြောသည်။
လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း
အဖွဲ့သားများအနေဖြင့် မနက်ဖန်မေ(၁၃)ရက်နေ့တွင် ရန်ကုန်မှ Morning Star၊
Lucky seven နှင့်ITကဖီးများတွင် ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းကိုလည်း
သိရှိရသည်။
မေလ(၆)ရက်နေ့မှစတင်ခဲ့သော
အဆိုပါစစ်ဘေးကူညီရေးအဖွဲ့သည် လာမည့် တနင်္ဂနွေနေ့တိုင်းတွင် စစ်ပွဲများ
မရပ်သေးသဖြင့် ဆက်လက်သီဆိုအလှူခံနေဦးမည်ဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။