ရခိုင်ပြည်နယ်တွင် ဝမ်ဖိုက်တောကြိုးဝိုင်းဒီရေတောများကို
ဒေသခံများက ထင်းမီးသွေးအဖြစ် အလွန်အကျွံ အသုံးပြုလာကြသည့် အတွက်
ဒီရေတောပြုန်းတီး၍ ကြိုးဝိုင်းစတင်လျော့နည်းလာကြောင်း သိရှိရသည်။
ဒီရေတောပေါက်ရောက်မှု အများဆုံးဒေသဟု သတ်မှတ်ခြင်းခံထားရသော ရခိုင်ပြည်နယ်၌ ဝမ်ဖိုက်တော ဒီရေတောများမှ ထင်းမီးသွေးလောင်စာအဖြစ်ခုတ်ထွင်းမှု ပိုများလာသည့်အတွက် ယခုကဲ့သို့ လျော့နည်း လာခြင်းဖြစ်သည်။






