ရခိုင်ပြည်နယ်၊မင်းပြားမြို့က
ဆရာတော်တစ်ပါး၏ အိပ်မက်အရဟုဆိုကာ စစ်တွေမြို့ကုန်တန်းရပ်ကွက်
ချင်းပျံလမ်း၊ အာရ်ဗီစာသင်ကျောင်း နောက်ဘက် အစ္စလာမ်ဘာသာ ၀င်တစ်ဦး၏
မြေကွက်တွင် စိတ်ပါဝင်စားသူများက သက်ဆိုင်ရာက ခွင့်ပြုချက်တောင်းယူ၍
တူးဖော်ခဲ့ရာ အင်းပြားများသာရရှိကြောင်း သိရသည်။
“ဆရာတော်
ပြောတာကတော့ အဲဒီနေရာမှာ ဘုရားရှိတယ်ဆိုပြီး တူးကြတာ ၊ ဘုရားမတွေ့ဘဲ
အင်းပြားတွေ ဘဲ တွေ့တယ်၊ စတူးတုန်းကတော့ လူတွေလာ ကြည့်ကြတယ်၊ ဒီနေ့တော့
တူးတဲ့တွင်းကို ပိတ်လိုက်ပြီ“ဟု ကုန်တန်းရပ်ကွက် လူငယ် ကိုကျော်ဇင်က
ပြောသည်။
အဆိုပါဆရာတော်၏
အိပ်မက်အရ ဘုရားရှိသည့်ဟု ဆိုကာတူးဖော်သည့်နေရာမှာ အစ္စလာမ် ဘာသာဝင်
တစ်ဦး၏ နေအိမ်ဖြစ်ပြီး တွင်းအား(၁၀)ပေကျာ်တူးခဲ့ကြောင်း သိရသည်။
“ပြောပါတယ်၊ဒါမဖြစ်နိုင်ဘူးလို့၊
ဒါပေမယ့် စိတ်ဝင်စားတဲ့လူတွေက တူးကြတော့ ဘုရားမတွေ့ဘူးလေ အင်းပြား
တွေ့တာတောင် သံသယရှိတယ်၊ ဘာပဲဖြစ်ဖြစ် ဒါမျိုးတွေက မလုပ်သင့် တဲ့ ကိစ္စပါ၊
အများပြည်သူကို စိတ်ရှုပ် စေတာပေါ့” ဟု ၄င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် ရှေ့ဟောင်း ဗိသုကာလက်ရာ အများအပြားရှိသဖြင့် မကြာခဏရှေ့ဟောင်း ဘုရားပုထိုးများ မြေကြီးထဲမှ တူးဖော်ရရှိလေ့ရှိသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။