Saturday, May 12, 2012

မန္တလေးတွင်ကျင်းပသည့် မြန်မာပြည်သိန်းတန်၏ ကချင်စစ်ဘေးရံပုံငွေဂီတပွဲ

တိုင်းရင်းသားမျိုးနွယ်စစ်ဘေးဒုက္ခသည်များအတွက် မြန်မာပြည်သိန်းတန်၏ ဂီတရံပုံငွေပွဲအား မန္တလေးမြို့ ရှမ်းအသင်းတိုက်တွင် ကျင်းပခဲ့သည်။
  အဆိုပါပွဲမှရရှိသည့်ငွေများကို ကချင်ပြည်နယ်မြောက်ပိုင်းမြစ်ကြီးနားဒေသသို့ သွားရောက်လှူဒါန်းမည် ဖြစ်သည်။



ထူးဖောင်းဒေးရှင်းကုမဏီမှကြီးမှုးကျင်းပပေးသော ဂီတပွဲတွင် တာဝန်ကျနေသောအဲပုဂံလေကြောင်းမှ မမို့မို့ကျော်စွာက ယခုကဲ့သို့ဆိုသည်။

`` မြစ်ကြီးနားဖက်ကိုတော့ ရည်မှန်းထားပါတယ်။ ဘယ်လောက်လှူမလဲဆိုတာကတော့ လောလောဆယ် မသိရသေးဘူး ၊ ဒီပွဲဖြစ်မြောက်ဖို့ ထူးကုမ္ပဏီကပဲမတည်ပေးတာပါ´´ဟု ၎င်းက ပြောကြားသည်။


ထူးကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ဂီတပွဲမျိုးကိုကျင်းပပေးလေ့ရှိပြီးပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်က မော်လမြိုင်မြို့ တွင်လည်း   ကျင်းပခဲ့ကြောင်း သိရသည်။


`` ဧပြီ ၁၀ရက်နေ့တုန်းက မော်လမြိုင်မှာ အင်ပါယာတီးဝိုင်းရယ် ၊ Plus Three ၀ိုင်းရယ် ဇော်ဝင်းထွဋ် ၊ R ဇာနည်နဲ့ အခြား အဆိုတော်တွေလဲပါတယ်။ အဲဒီတုန်းကတော့ ဖရီးရှိုးလုပ်ပြီး ရုံထဲမှာ အလှူခံပုံးတွေ ထားပေး ထားတာပါ´´ဟု မမို့မို့ကျော်စွာက   ဆက်လက်ပြောဆိုသည်။


မန္တလေးတွင်ကျင်းပသော ရံပုံငွေဂီတပွဲတွင် မြန်မာပြည်သိန်းတန် ၊ဇော်ဝင်းရှိ ၊ ဗစ်တာခင်ညို ၊ ခင်မောင်ထူး ၊ တူးတူး ၊ မေခလာ ၊ ကော်နီ ၊ရှုယဉ် နှင့် ချောစုခင်တို့ ပါဝင်သီဆိုခဲ့ကြသည်။


`` ရံပုံငွေပွဲဆိုတော့ ဒုက္ခရောက်တဲ့သူ မရှိတဲ့သူဆိုတော့ ကိုယ်ကကူညီရတာ ၊ ကိုယ့်ထက်နိမ့်တဲ့သူကို ကူညီရတာ လဲနေတဲ့သူကို ထူပေးရတာ မင်္ဂလာတစ်ပါးပါ ၊မေခလာလဲ ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ အတွက်ကြောင့် ဒီလိုလုပ်ငန်းတွေကို အရမ်းကို အားပေးပါတယ် ´´ ဟု အဆိုတော် မေခလာက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။