Tuesday, May 8, 2012

ကုလားတန်စီမံကိန်းကြောင့် ပလက်ဝအိမ်ခြံမြေများကို ကုန်သည်များစိတ်ဝင်စား

ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အိမ်ယာနှင့် ခြံမြေ ကွက်များမှာ ဈေးကောင်းလာကြောင်း ပလက်ဝမြိုခံများကပြောသည်။
 

“ခြံမြေကွက်တွေကို ပလက်ဝမြို့ပေါ်ကလူတွေမဟုတ်ဘဲ တခြားနယ်ကလူတွေက အိမ်ရာခြံမြေကွက်တွေကို ဝယ်လာတဲ့သူတွေများ လာတယ်၊အများစုကတော့ ကုန်သည်တွေပေါ့၊ တစ်ချို့ဆိုရင် တောင်ယာခြံတွေတောင် ဝယ်လာတာရှိတယ်၊ သူတို့က ပဲစိုက်ဖို့ဆိုပြီးတော့ ဝယ်ကြတာ’’ဟု ပလက်ဝ၊ပလုပ်တောင်ရပ်ကွက်မှ ကုန်သည် တစ်ဦးဖြစ်သူဦးမြင့်ဦးက ပြောသည်။
 
ယခင်က လေးသိန်း ငါးသိန်းသာရရှိခဲ့သည့် ခြံမြေကွက်များလည်း ယခုအခါ ကျပ်ဆယ်သိန်းကျော်တန်ကြေး ရှိနေကြောင်း ၄င်းကပြောသည်။
 
“မြေကွက်တွေက အမျိုးစားအလိုက်ပါ၊ ကုန်သည်အများစုက ခြံမြေကွက်တွေကိုသာ ဝယ်ကြတာများတယ်၊ ဥယျာဉ်ခြံမြေကွက်တို့ကိုသာ ပိုဝယ်ကြတယ်၊ လေးငါးသိန်းတန် မြေကွက်ဆိုရင် အခုတစ်ဆယ်ကျော်နေပြီ၊ မြို့ပေါ်မှာ ရှိတဲ့မြေကွက်တွေကို ဝယ်တဲ့သူတွေရှိသလိုနယ်ဘက်တွေမှာလဲ ဝယ်တဲ့သူတွေရှိတယ်၊ ကုလားတန် စီမံကိန်းကြောင့် ပလက်ဝကို ကုန်သည်တွေက ပိုစိတ်ဝင်စားနေကြတာပါ’’ဟုပြောသည်။
 
ကုလားတန်စီမံကိန်းအတွက် ပလက်ဝမြို့၏ တစ်ဖက်ကမ်းတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်မည်ဖြစ်သည်။
 
“ကုန်သည်တွေက ပလက်ဝကို တော်တော်လေးစိတ်ဝင်စားတယ်၊ ဘာကြောင်းဆိုတော့ ပလက်ဝနဲ့အိန္ဒိယ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းက ရှိတယ်၊ကုန်းလမ်းရော ရေလမ်းပါရှိတယ်၊
 
ရေကြောင်းဆိုရင် ကုလားတန် မြစ်ကြောင်းပေါ့၊ ကုန်းလမ်းဆိုလို့ရှိရင် ကလက်ချောင်း အတိုင်းလမ်းကြောင်းပေါ့ အခု အိန္ဒိယ နယ်စပ် မြစ်ဝမှာဆိုရင်လဲ ခြံမြေကွက်တွေ ဈေးကောင်းလာတယ်’’ဟု ပလက်ဝမြို့နယ် တရွန်အိုင်းကျေးရွာမှ ကုန်သည် တစ်ဦးက ပြောသည်။
 
ပလက်ဝမြို့နယ်သည် အိန္ဒိယနိုင်ငံ  အရှေ့မြောက်မီဇိုရမ်ပြည်နယ်နှင့်နယ်စပ်ချင်းထိစပ်နေသည့် မြို့နယ်တစ်ခု ဖြစ်ရာ လက်ရှိအိန္ဒိယနိုင်ငံက အကောင်အထည်ဖော်ဆောင်နေသော ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပလက်ဝမြို့သည်လည်း အကျုံးဝင်လာမည်ဖြစ်သည်။
 


ပလက်ဝမြို့နယ်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်မီဇိုရမ်ပြည်နယ်နှင့်နယ်စပ်ချင်းထိစပ်နေသည့် မြို့နယ်ဖြစ်ရာ လက်ရှိအိန္ဒိယနိုင်ငံက အကောင်အထည်ဖော်ဆောင်နေသော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပလက်ဝမြို့သည်လည်းအကျုံးဝင်လာမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။