Tuesday, May 8, 2012

 UNFPA မှ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် အကူအညီပေးရေး လုပ်ငန်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ၂၈ ဒသမ ၆ သန်း သဘောတူထား

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့(UNFPA) မှ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် အကူအညီ ပေးရေး လုပ်ငန်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ သန်း သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါတတိယအကြိမ်မြောက် အကူအညီပေးရေးစီမံကိန်းတွင် မိခင်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကာ ကွယ်ရေးနှင့်ပတ်သက်သည့်လုပ်ငန်း များ၊ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များရရှိရေးနှင့်ကျား/မ ညီမျှမှုဆိုင်ရာလုပ်ငန်းများစသည် တို့ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလ မှာ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေး နှစ်စီမံကိန်းဖြစ်ကြောင်းသိရှိရသည်။
တတိယအကြိမ်မြောက် စီမံ ကိန်းစတင်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်နောက် ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးပါက စတင် လုပ်ဆောင်သွားမည်ဖြစ်သည်။
မိခင်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ ကျန်းမာရေးဌာနစိတ်၊ ဗဟိုကျန်းမာ ရေးပညာပေးဌာန၊ ကျန်းမာရေးစီမံ ကိန်းဦးစီးဌာန၊ ဆေးသိပ္ပံပညာဦးစီး ဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားဆရာမများအသင်း၊ MSI စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အိတ်ခ်ျအိုင်ဗွီ /အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၊  PSI စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန စသည့်အဖွဲ့အစည်းများနှင့် ကျားမ ညီမျှမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့်၊ FXC စသည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် အကူအညီပေးရေးစီမံကိန်းကို ၂၀၀၂ ခုနှစ်မှ၂၀၀၆ခုနှစ်၊ ဒုတိယအကြိမ် အကူအညီပေးရေး စီမံကိန်းကို၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။