Tuesday, May 8, 2012

၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး


၈၈ မျိုးဆက်ကျောင်းသားများခရီးစဉ် (ရှမ်းပြည်နယ်တောင်ပိုင်း/ တောင်ကြီး၊ ရပ်စောက်၊
 ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ(အင်းလေးရိုးရာ)၊ဟဲဟိုး၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊
 ပွေးလှကျေးရွာ(ဓနု/တောင်ရိုး ရိုးရာဒေသ) များသို့ (၁.၅.၂၀၁၂)ရက်နေ့မှ တစ်ဆက်တည်း
 (၇.၅.၂၀၁၂)ရက်နေ့အထိ..အစီအစဉ်အတိုင်း သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ခရီးစဉ်ကို အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါသည်။

ယမန်နေ့က(၅.၅.၂၀၁၂)ရက်နေ့တွင် အောင်ပန်းမြို့တွင် ဆွေးနွေး ဟောပြောပြီး နောက်...
ရွာငံမြို့သို့ သွာရောက် ဆွေးနွေးခဲ့ပါသည်။

(၇.၅.၂၀၁၂)ရက်နေ့. ပင်းတယမြို့္ပတွင်....နံနက်ပိုင်း ၈၈ မျိုးဆက်ကျောင်းသားများမ
ှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲကို..ဟောပြောခဲ့ပြီး....နေ့လည်..(၁း၀၀)
အချိန်တွင် ပွေးလှမြို့( ပွေးလှကျေးရ၊ွာ)တွင် ...ဆက်လက်ဆွေးနွေးကြပါသည်။

ကျေးရွာတွင်းရှိ ဓနု/တောင်ရိုး၊ ဗမာ/ တိုင်းရင်းသားများ စုံညီစွာဖြင့် အိုးစည်ဗုံမောင်းများ / ယဉ်ကျေးမှုအဖွဲ့အကများဖြင့်ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
 ကိစ္စများကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ တို့မှဆွေးနွေးပြီး ပွေးလှနယ်ခံလူမျိုးစုတိုင်းရင်းသားများက
 မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်

၎င်းနောက်  အောင်ပန်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏
 ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ... ရှမ်းပြည်နယ်တောင်ပိုင်း၊ ခရီးစဉ်
အောင်မြင်စွာပြီးဆုံးသွားပါသည်။

Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။