Monday, May 7, 2012

ကုလားတန်စီမံကိန်းက ပိုင်ရိုက်သံများကြောင့် လူနာများအတွက် စိုးရိမ်နေရ

ဆောက်လုပ်နေသောစစ်တွေဆိပ်ကမ်းစီမံကိန်းအတွင်းက ပိုင်ရိုက်သံများကြောင်းစစ်တွေဆေးရုံကြီးမှ လူနာ နှင့် လူနာစောင့်များ၊   ဒေသခံများက စိတ်သောကရောက်လျက်ရှိကြောင်း သိရှိရသည်။
 
“အခုဆောက်လုပ်နေတဲ့ ကုလားတန်စီမံကိန်းစစ်တွေဆိပ်ကမ်းလုပ်ငန်းခွင်ကထွက်လာတဲ့ ပိုင်ရိုက်သံ တွေ ကြောင့်   အနီးအနား မှာရှိတဲ့   လူထုတွေမနေနိုင်ဘူးဖြစ်နေတယ်၊ အသံကတ အားကျယ်လောင် တယ်ဆိုတော့ လူတွေ မနေနိုင်ဘူး’’ဟု   ကျေးပင်ကြီး ရပ်ကွက်မှ ဒေသတစ်ဦးကပြောသည်။
 
ဆောက်လုပ်နေသည့် စစ်တွေကုလားတန်စီမံကိန်းသည် စစ်တွေဆေးရုံကြီးနှင့် ကိုက်တစ်ရာကျော်သာ ကွာ ဝေးသဖြင့် စီမံကိန်းမှ ထွက်လာသည့်  အသံများကြောင်း ဆေးရုံရှိလူနာများ နှင့် လူနာစောင့်များ စိတ်မချမ်းသာ ဖြစ်နေရကြောင်း မျက်စိကုသဆောင်က လူနာစောင့်တစ်ဦးကပြောသည်။
 

“ ညဆိုရင် စီမံကိန်းမှာပိုင်ရိုက်သံကြောင်းလူနာတွေ ဆိုရင် နှလုံးတုန်တာတို့ ၊ကြောက်ရွှံ့စိတ်တွေ ဖြစ်ပေါ်လာ တာတွေရှိတယ်၊ လူနာထားဦးကျနော်တို့တောင် အိပ်လို့မရဘူး၊ စီမံကိန်းက နီးနီးလေးဆိုတော့ အဲဒီက ထွက်လာတဲ့ အသံကို ကျနော်တို့ မခံနိုင်ဘူး’’ဟု ၄င်းက ပြောပြသည်။
 
စစ်တွေ ဆိပ်ကမ်းတွင်တိုင်လုံးများစိုက်ထူနေရာ ပိုင်ရိုက်ချက်များကြောင်းအသံများထွက်လာသဖြင့် အနီးအနားရှိ ဒေသခံများ စိတ်မချမ်းသာဖြစ်နေ ရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
 
“ပိုင်ရိုက်သံကြောင့် မြေတုန်ခါမှုတွေဖြစ်ပေါ်သလို့ အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေဆိုရင် အက်ကွဲရာ တွေဖြစ်ပေါ်နေပြီး စစ်တွေစီးပွားရေးဘဏ်ဆိုရင်လည်း အက်ကွဲရာတွေဖြစ်ပေါ်နေလို့ အကြီးစားပြင်ဆင်မှုတွေ လုပ်နေရပြီ၊ ပိုက်ရိုက်တာကြောင့်   မြေတုန်ခါမှုတွေဖြစ်လာတယ်” ဟု ၄င်းက ပြောသည်။
 
ယင်းသို့ ဆိုးကျိုးများဖြစ်ပေါ်လာသည့်အတွက် ဒေသခံပြည်သူများကလည်း စီမံကိန်းအားလက်ရှိနေရာမှ တခြားနေရာသို့ ပြောင်းရွှေ့ရန် လိုလာနေကြကြောင်း သိရသည်။
 
“ကျနော်တို့ကစီမံကိန်းကိုရပ်ခိုင်းတာမဟုတ်ဘူး၊တခြားနေရာတစ်ခုကိုရွှေ့စေချင်တာ၊ ခင်းဗျားတို့ စဉ်းစား ကြည့်လေ၊ အခုစီမံကိန်းဟာစစ်တွေဆေးရုံကြီးနဲ့ လမ်းဘဲကွာတယ်၊ပြီးတော့ စီမံကိန်းက မြို့လယ်ခေါင် မှာရှိတယ်၊ ပြည်တွင်း ပင်လယ်ကူးသင်္ဘောတွေအတွက် ဆိပ်ကမ်းကိုတောင် စစ်တွေမြို့တွင်းမှာ မဟုတ်ပဲ နယ်ဖြစ်တဲ့ ရွှေမင်းဂံမှာထားတာ၊ အခုဆောက်လုပ်နေတဲ့ ဆိပ်ကမ်းဆိုရင် နိုင်ငံတကာကို ကုန်သွယ်မယ့် ဆိပ်ကမ်းဆိုတော့ မြို့တွင်းမှာ ဆောက်လုပ်နေတာ ဘယ်လိုမှသင့်တော်မှာ မဟုတ်ဘူး’’ဟု ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းဝင်တစ်ဦးက ပြောသည်။
 
အိန္ဒိယနိုင်ငံEssar (India) Ltd, Mumbai မှ ဆောက်လုပ်နေသည့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယ မြန်မာ ကုလားတန် မြစ်ကြောင်းဘက်စုံဖွံဖြိုးရေးစီမံကိန်းဖြစ်ရာလာမည့်၂၀၁၃ ခုနှစ်တွင်ပြီးစီးရန် လျာထားကြောင်း သိရသည်။
 
လက်ရှိဆိပ်ကမ်းဆောက်လုပ်ပြီးစီးမှုမှာ ဆိပ်ကမ်းအတွက် တိုင်လုံးများစိုက်ထူနေသော အဆင့်သာရှိသေး သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။