Monday, May 7, 2012

 မဟာမုနိဘုရားကြီးတွင် ရွှေဆိုင်းများမှ မိုက်ထုတ်ယူခဲ့ရာ ရွှေပိဿာချိန် ၅ ပိဿာ ၂၃ ကျပ်သားရရှိ


မဟာမုနိဘုရားကြီးတွင် ရွှေသင်္ကန်း ကပ်လှူပူဇော်သော ရွှေဆိုင်းများမှ ထွက်ရှိသည့် မိုက်ထုတ်ရာမှ ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ရွှေပိဿာ ချိန် ၅ ပိဿာ ၂၃ ကျပ်သား ရရှိခဲ့ကြောင်း သိရှိရသည်။
ယခင်နှစ်က ရွှေပိဿာချိန် ၃ ပိဿာ ၇၈ ကျပ် သားရရှိခဲ့ပြီး ယခုနှစ်တွင် နှစ်ဆနီးပါး ပိုမိုရရှိခြင်းဟုလည်း သိရသည်။''ဘုရားကြီးကို နေ့စဉ် ကပ်လှူပူဇော်တဲ့ ရွှေဆိုင်းတွေက စက္ကူတွေ၊ ကပ်လှူပြီး လက်သုပ်တဲ့ လက်ကိုင် ပ၀ါတွေနဲ့ ပလ္လင်ပေါ်က ဖုန်တွေကို တံမြက်စည်းလှဲလို့ရတဲ့ ဖုန်မှုန့်တွေကအစ သိမ်းဆည်းထားပြီး နှစ်စဉ် မိုက်ထုတ်ပြီး ဘဏ္ဍာတိုက်အတွင်း သိမ်းဆည်းခဲ့တာပါ။ ဒီနှစ် ရွှေပိဿာ ချိန် ၅ ပိဿာ ၂၃ ကျပ်သား ရရှိခဲ့ပါတယ်''ဟုဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးသိန်းတိုးကပြောပြပါသည်။

မဟာမုနိဘုရားကြီးတွင် ရွှေဆိုင်း ငါးရွက်တစ်ဆိုင်းလျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးကြောင်း၊ နေ့စဉ် ရွှေသင်္ကန်း ကပ်လှူသူ များပြားလေ့ရှိပြီး အခါကြီးရက်ကြီးများတွင် ရွှေသင်္ကန်း ကပ်လှူရန် တန်းစီစောင့်ဆိုင်းရလေ့ရှိသည်ဟု မြို့ခံများက ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။