Monday, May 7, 2012

 နတ်မြစ်နှင့် ချောင်းလက်တက်များတွင် ဒီရေတောများ ထိန်းသိမ်းနိုင်မှုမရှိသဖြင့် ကမ်းပြိုမှုများ နှစ်စဉ်ဖြစ်နေ

ဒီရေတောကြောင့် ကမ်းပါးတိုက်စားမှုတစ်ခုကို တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်ကမ်းပါးနှင့် ချောင်းလက်တက်များတွင် ဒီရေတောများကို စနစ်တကျ ထိမ်းသိမ်းနိုင်မှုမရှိသဖြင့် ကမ်းပါးပြိုမှုများ နှစ်စဉ်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ကမ်းပါးပြိုဆင်းမှုများ စနစ်တကျ တားဆီးကာကွယ်မှုများ မရှိခြင်းနှင့် ဒီရေတောများကို စနစ်တကျ ထိန်းသိမ်းမှု မရှိခြင်းတို့ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရသည်များ ရှိနေကြောင်းလည်း သိရသည်။

ဓနိ၊ လမု စသည့် ဒီရေတောပင်များကို လွန်ခဲ့သောနှစ်ပိုင်းက စိုက်ပျိုးမှုများ ရှိခဲ့ကြောင်းနှင့် မြစ်ချောင်းများတစ်လျှောက် ဒီရေတောပင်များ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့ကြောင့် ကမ်းပါးပြိုဆင်းခြင်း၊ ရေတိုက်စားခြင်းတို့ကို ကာကွယ်နိုင်ပြီး လေမုန်တိုင်းနှင့် ဒီရေကြောင့် အပျက်အစီး သက်သာစေကြောင်း သိရသည်။

''မြို့သစ်ချောင်းမှာ တောင်ကျရေကြောင့် ကမ်းပြိုတာကို ခံစားနေရပါတယ်။ ထိထိရောက်ရောက် ကာကွယ်မှု မရှိပါဘူး။ ဒီရေတောတွေလည်း မရှိသလောက် ဖြစ်နေတော့ ကမ်းပြိုတာကို ဘယ်လိုမှ တားဆီးလို့ မရပါဘူး။ ကြိမ်ချောင်းကျေးရွာ ဈေးဆိပ်ဆိုရင် အရင်နှစ်လည်း ပြိုတယ်။ဒီနှစ်လည်းပြိုဆင်းဖို့ အခြေအနေပါ''ဟု ကြိမ်ချောင်းကျေး ရွာသားတစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။