Monday, May 7, 2012

တရုတ်မိုဘိုင်းဖုန်းနှင့်ငွေဖြည့်ကတ်များပစ္စည်းပြတ်သည်အထိ ရောင်းအားကောင်းနေ

မိုဘိုင်းတယ်လီဖုန်းလိုင်းသန်း(၃၀)စီမံချက်မှ ကနဦးစီမံကိန်းအရ ကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းခွဲတန်မိုဘိုင်း ဖုန်းကဒ်များ ချထားပေးရာတွင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းနှင့်ငွေဖြည့်ကတ်များသည် ပစ္စည်းပြတ်လပ်သည် အထိ ရောင်းအားကောင်း လျက်ရှိကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များက သိရှိရသည်။
 


ဖုန်းလိုင်းကဒ်များ ထပ်မံချထားပေးမူကြောင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် တံဆိပ်မျိုးစုံ လက်ကိုင်ဖုန်း များနှင့် ကျပ်တစ်သောင်းတန်ငွေဖြည့်ကပ်များသည် ဈေးကွက်အတွင်းတွင် ပစ္စည်းပြတ်လပ်သည်အထိ  ရောင်းအားကောင်းခဲ့သည်။
 
တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းများ ရောင်းအားကောင်းပြီး၊ နာမည်ကြီး အမှတ်တံဆပ်များကို တုပထုတ်လုပ်ထား သော  တရုတ်နိုင်ငံထုတ်ဖုန်းများကိုလည်း ရောနှောဈေးတင်ရောင်းချမူများလည်း ရှိသည်။
 
“ဖုန်းတွေထပ်ချတော့ ဟန်းဆက်ဈေးတွေကလည်း ကျနေတော့ ပစ္စည်းအစစ်အမှန်ပဲ သုံးချင်တယ်။ ပစ္စည်း စစ်ဖို့အတွက်ကလည်း စိတ်ချရတဲ့ဆိုင်မှာဘဲ သွားဝယ်ရဲတယ်။ တချို့ဆိုင်တွေက ကြော်ငြာအား  ဆိုင်အား ကိုသုံးပြီး ဈေးတင်ထားတယ် တချို့ကလည်း   ဈေးပေါတယ်။ ဒါပေမယ့် ပစ္စည်းအတွက် အာမခံချက်မရှိဘူး။ အဲဒါကြောင့် စိတ်ချရပြီး ဈေးမှန်တဲ့ဆိုင်ကို ရှာဝယ်ရတယ်”   ဟု ဖုန်းဝယ်သူတစ်ဦးကပြောသည်။
 
တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းများမှာ ဈေးကွက်အတွင်းသို့ Nokia နှင့ှ်Sam Sung အမှတ်ထံဆိပ် မိုဘိုင်းဖုန်း များ  အ၀င်များလျက်ရှိပြီး၊ ဈေးနှုန်းမှာ ကျပ်လေးသောင်းဝန်းကျင်မှ ကျပ်ငါးသောင်းကျော် အထိ ရှိပြီး၊ အခြား အမှတ်တံဆိပ်မိုဘိုင်းဖုန်းများမှာ ငွေကျပ်သောင်းဂဏန်းနှင့် ကျပ်တစ်သိန်းဝန်းကျင် ဟန်းဆက်များမှာ ရောင်း အား အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
 
“ဒီအတွက်လည်း နိုင်ငံတော် အတွက်အခွန်ငွေတွေလည်း တိုးတက်လာနေမှာပဲ၊ တပ်ဆင်တဲ့ လိုင်းအင်းအား များပြားလာတာနဲ့ အမျှ တပ်ဆင်ခတွေ လျော့ကျလာသလိုပဲ ဖုန်းခေါ်ဆိုခနှုန်းတွေလည်း လျော့ကျသင့်ပြီ။ ဖုန်းရပြီးဆိုရင် နောက်ဆက်တွဲ ကုန်ကျဦးမှာပဲ။ သေသေချာချာ သုံးသပ်သင့်နေပြီး” ဟု  အိုင်တီပညာရှင်တစ်ဦး မိုဘိုင်းဖုန်းများနှင့်ပတ်သက်၍ ပြောဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။