Saturday, April 21, 2012

ပျဉ်းမနားမြို့နယ်အတွင်းရှိသာသနာမြေ ဘုန်းကြီးကျောင်း ၀င်းများအတွင်းကျောက်စရစ်များတူးဖော်ရောင်းချနေ


နေပြည်တော်တိုင်း၊ပျဉ်းမနားမြို
့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၁)ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများဖြစ်ကြသော-----
၁။ တောရစမ်းမြိုင်ကျောင်း
၂။ ရွေဥဒေါင်းအထက်ကျောင်း
၃။အင်ကြင်းတောင်ကျောင်း
၎။ နန္ဒ၀န်ကျောင်း
၅။ သပြေတောင်ကျောင်း

  ၆။ ဘုရားကြီးကျောင်း
၇။ ဥပုသ်တောရကျောင်း များအတွင်း မြေများကို တူးဖော်၍ ကျောက်စရစ်များ၊ ကျောက်ခဲများကိုတူးဖော်ရောင်းစားခြင်း၊ ကျောင်းဝင်းများအတွင်းကျောက်ခွဲ

စက်ထောင်၍ကျောက်ခွဲရောင်းချနေခြင်းကြောင့် အနီးရှိဘုရားစေတီများပြိုကျပျက်စီးမှာကိုစိုးရိမ်မိပါသည်။ မိုးတွင်းအခါမိုးရေတိုက်စားမှုများကြောင့်လည်းတောင်နံရံများပြိုကျနိုင်ပါသည်။ဘုန်းကြီးကျောင်းများအတွင်း သာသနာမြေများပေါ်တွင် ထိုလုပ်ရပ်များသည် မသင့်တော်ဟုလည်းထင်မြင်မိပါသည်။

သန်းဦး (နေပြည်တော်)
Myanmar News Now








 

နေပြည်တော်တိုင်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိသာသနာမြေ ဘုန်းကြီးကျောင်းဝင်းများအတွင်းကျောက်စရစ်များတူးဖော်ရောင်းချနေကြစဉ် (ဓါတ်ပုံ-သန်းဦး)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။