Monday, July 23, 2012

ရေရှည်တွင်မသင့်တော်၍ စစ်တွေ၌အရပ်ဘက်လုံခြုံရေးများကို ပြန်လည်ရုတ်သိမ်း

ရခိုင်လူမျိုးများနှင့် ဘင်္ဂလီရပ်ကွက်များအကြားအရပ်ဘက်လုံခြုံရေးကင်းချထားမှုမှာ   ရေရှည်မသင့်တော်၍ စစ်တွေ မြို့ပေါ်ရပ်ကွက်အချို့တွင် အရပ်ဘက်မှလုံခြုံရေးကင်းချထားမှုများအားရုတ်သိမ်းလိုက်ပြီဖြစ်သည်။
 

ညဘက်တွင် စစ်တပ်မှ ကင်းလှည့်သည့်အခါ အရပ်ဘက်လုံခြုံရေးကင်းများဖြင့်ထိပ်တိုက်တွေ့ဆုံခဲ့သည့် အတွက် ယခုကဲ့သို့ ရုတ်သိမ်းခိုင်းခြင်းဖြစ်သည်။
 
ယခင်က အရပ်ဘက်လုံခြုံရေးအတွက် အရပ်ဘက်ကကင်းချထားခြင်းဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များ ဖြစ်သည့် စစ်တပ်နှင့် ရဲဘက်မှ တာဝန်ယူခြင်းမဟုတ်သဖြင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးထိန်လင်းက ယခုကဲ့သို့ အရပ်ဘက် လုံခြုံရေး ကိုရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလီများနေထိုင်ရာနှင့်နီးစပ်သောမင်းဂံရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
 
“ဗိုလ်မှူးထိန်လင်းက မင်းဂံရောက်လာပြီး အရပ်ဘက်လုံခြုံရေးတွေကိုရုတ်သိမ်းခိုင်းတယ်၊ စစ်တပ်က လုံခြုံရေးတာဝန်ယူထားတယ်၊ ကိုယ့်ကိုယ်ကိုယ်နွေးထွေးစွာနေကြပါလို့ပြောခဲ့တယ်၊ အခုအရင်လောက် အရပ်ဘက်လုံခြုံရေးတွေမရှိသလောက်ပါပဲ”ဟု မင်းဂံရပ်ကွက်ထိုင်သူတစ်ဦးက ပြောသည်။
 
အရပ်ဘက်လုံခြုံရေးကိုရုတ်သိမ်းခိုင်းသည့်တိုင် စစ်တွေတွင်ညမထွက်ရအမိန့်ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကာယခုနောက် ပိုင်းေ နရာအနှံအပြားတွင်အာဏာပိုင်တို့၏ လုံခြုံရေးကင်းများတိုးမြှင့်ချထားလာကြောင်းကိုလည်းဒေသခံများထံက သိရသည်။
 
 “မီးစက်ကြီးအနောက်ဘက် ဘင်္ဂလီတွေနေတဲ့ ဘုမေရပ် အ၀င်မှာစစ်တပ်ကင်းချထားတယ်၊ ရထားလမ်း မှာလည်း ချတယ်၊ မင်းဂံမှာလည်းစစ်တပ်ကင်းချထားတယ်”ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
 
ဘင်္ဂလီများနေထိုင်ရာရပ်ကွက်များနှင့် နီးကပ်သည့် ရပ်ကွက်အချို့တွင်စစ်တပ်မှ လုံခြုံရေးကင်းအပြည့်ချထားဆဲဖြစ်ပြီး ဘင်္ဂလီရပ်ကွက်များကိုတားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားကြောင်း ဒေသခံများက ဆိုသည်။
 
စစ်တွေမြို့တွင်းမှာ ဘင်္ဂလီတွေရှိနေသေးတယ်၊ အောင်မင်္ဂလာနဲ့ချင်းပျ့ဘက်မှာ၊ သက်ဆိုင်ရာကလည်း   ပြောင်းပေးနေ တာတွေ့ရတယ်၊ ဒါပေမယ့် အားလုံးတော့မဟုတ်သေးဘူး၊ ဒါကြောင့် ဘင်္ဂလီတွေရှိနေသေးတဲပနေရာတွေမှာ  ကင်းချထားတာတွေ့ရတယ်”ဟု အောင်မင်္ဂလာရပ်ကွက်မှ ရခိုင်တိုင်းရင်းသားတစ်ဦးကပြောသည်။
 
ပြောင်းရွှေ့ခံဘင်္ဂလီများအား ဘုမေနှင့် အုန်းတောမှန်စိသဲချောင်းစသည့်ရပ်ကွက်များရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်ခွင့်ပြုထားသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။