Friday, August 3, 2012

ရွှေမင်းသားဖောင်ဒေးရှင်း ဂျိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း



2012-08-02
ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ဂျိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
Photo:88 Generation Students
၈၈ မျိုးဆက် ကျောင်းသားများ၏ ဂုဏ်ပြုလက်မှတ်ကို ကိုမင်းကိုနိုင်က ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို ပေးအပ်နေစဉ်။
ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို သိခဲ့ရတဲ့အတွက် အလှူရှင် ရှာခဲ့တဲ့အခါမှာ ရွှေမင်းသား ဖောင်ဒေးရှင်းက အခုလို လှူဒါန်းလိုက်တာပါ။
ဂျိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက် လှူဒါန်းတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ခံရယူတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုပဏ္ဍိတ်ထွန်းက ပြောပါတယ်။ ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်အောင် ပေးပို့မယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။