Wednesday, August 8, 2012

 လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေ


78f
လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လမ်းများပေါ်သို့ရေလွှမ်းခြင်း၊ နေအိမ်များအတွင်းသို့ ရေလွှမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းတို့တွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုများကြောင့် ရွာအတွင်းဝပ်လာသော ရေများမှာပြန်လည် လျော့ကျသွားခြင်း မရှိတော့ဘဲ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဒီမှာနေလာတာ ၁၀ နှစ် လောက်ရှိလာပါပြီ။ ဒီလိုမျိုးခုမှကြုံ ရတာပါ။ ရေတက်တာ ၁၀ ရက် လောက်ရှိပြီ။ အရင်ဆိုရေတက်ပြီး ရင်ပြန်ကျသွားပေမယ့် အခုကပြန် မကျတော့ဘဲ ရေလွှမ်းသလိုမျိုးဖြစ် လာတာပေါ့။ တချို့လည်းဆွေမျိုး တွေအိမ်ဆီပြောင်းနေကြ၊ တချို့ လည်းကိုယ့်အိမ်မှာပဲ နောက်တစ် ဆင့်ထပ်ထိုးပြီး မြှင့်နေကြရတာပေါ့” ဟုကုလားကြီးစုကျေးရွာ၊ အိမ်အ မှတ် ၇၇၁(ခ) တွင်နေထိုင်သူမစီစီ ၀င်းကပြောပြခဲ့သည်။
78fa
“ဒီရွာမှာနေလာတာ ၉ နှစ် လောက်ရှိပါပြီ။ အရင်နှစ်တွေတုန်း ကတော့ ရေတက်လည်းနည်းနည်း ပဲ။ ပြီးရင် ပြန်ကျသွားတာပဲ။ အခု ကရေတက်တာ ၁၀ ရက်ဝန်းကျင် လောက် ရှိလာပြီ။ ပြန်မကျတော့ဘူး။ ညဘက်တွေမှာ အိပ်လို့တောင်မပျော်ဘူး။ မိုးရွာရင် ရေများထပ်တက် လာမလား၊ အိမ်များမြှုပ်သွားမလား ဆိုပြီးစိုးရိမ်နေရတယ်။ ရေက အိမ်ကြမ်းပြင်နဲ့ တစ်ထွာလောက်ပဲ လိုတော့တယ်။ အိမ်သာထဲမှာလည်း ရေတွေတက်လာပြီး သိပ်မဆင်းချင်တော့ဘူး”ဟု ကုလားကြီးစုကျေးရွာ တွင်နေထိုင်သူ ဒေါ်မိုးသာက ပြောပြခဲ့သည်။
ယင်းကျေးရွာတွင် အိမ်ခြေ ၈၀၀ ကျော် ရှိကြောင်း သိရသည်။ ရေကြီးရေလျှံမှုများကြောင့် အဆိုပါကျေးရွာတွင် နေထိုင်သူများမှာ တောစီးဖိနပ်ရှည်များစီးခြင်း၊ သဲများဖို့ခြင်း၊ သဲအိတ်များချခြင်း၊ တံတားများထိုးခြင်း စသည်တို့ပြုလုပ်နေကြရကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။