Wednesday, August 8, 2012

ရခိုင် စာသင်ကျောင်းများ ပြုပြုရေး ဂီတရန်ပုံငွေပွဲ ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်တွင်း လူမှုအဖွဲ့ပဋိပက္ခများကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများ
ပြန်လည်ပြုပြင်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေး အတွက် ရန်ပုံငွေ စင်တင် တေးဂီတပွဲ တခုကို သြဂုတ်လ ၁၉ ရက်နေ့တွင် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။


တေးဂီတပွဲကို Wave Myanmar, ရခိုင်အမျိုးသားကွန်ယက်၊ ဖွံ့ဖြိုးရေးမဏ္ဍိုင် တို့ အဓိက ပူးပေါင်းဆောင်ရွက်မည်
ဖြစ်ကြောင်း သြဂုတ် ၄ ရက်က ယုဇနဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသား
ကွန်ယက်မှ ဥက္ကဋ္ဌ ကိုတင်ထူးအောင် က ပြောသည်။

အဆိုတော် ထူးအယ်လင်း၊ Lလွန်းဝါ၊ နော်နော်၊ ဟဲလေး၊ Reason၊ Wanted၊ ဉာဏ်လင်းအောင်၊ ညီသူဟန်၊ ဒီနေလင်း၊ Lဆိုင်းဇီ၊ ချမ်းချမ်း၊ ရတနာမိုင် တို့က ဖျော်ဖြေကြမည် ဖြစ်သည်။

ရရှိလာသော ရန်ပုံငွေများကို ကျောင်းပြုပြင်ရေးအတွက် အဓိက လိုအပ်နေသော မောင်တောမြို့သို့ လှူဒါန်းမည်
ဖြစ်သည်။

ဖျော်ဖြေပွဲကို ညနေ ၆ နာရီခွဲ မှ ည ၁၁ နာရီခွဲထိ ဖျော်ဖြေမည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများမှာ ကျပ် ၈,၀၀၀၊ ၁၀,၀၀၀ နှင့် ၁၅,၀၀၀ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။