Friday, August 31, 2012

မန္တလေးရှိ သမိုင်းဝင် ယဉ်ကျေးမှုအမွေ အနှစ်များ ပြုပြင်ထိန်းသိမ်းမှု များ ပြုလုပ်မည်


မန္တလေးမြို့ရှိ မြနန်း စံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ သမိုင်းဝင် ခံတပ် များကို Historical Park များအဖြစ် အကြီးစားပြုပြင် မွမ်းမံ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာ မင်္ဂလာနန်းတော် နှင့်ပဲခူးမြို့ရှိကမ္ဘောဇသာဒီနန်းတော်တို့လည်းပါဝင်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးကျော်လွင်ဦးမှပြောကြားခဲ့သည်။ ထိုသို့မွမ်းမံမှုများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအားဖိတ်ခေါ်ထားသည်ဟုသိရှိရသည်။
မြန်မာ့ယဉ် ကျေးမှုအမွေအနှစ် လက်ရာများကို ထိန်းသိမ်းရုံတင် မဟုတ်ဘဲ အမျိုးသား ရေးတစ်ခုအနေဖြင့် ပြုပြင် ဆောင်ရွက် နေကြောင်းလည်း သိရသည်။ ထိုသို့လုပ်ဆောင်ရွက် လိုက်သောကြောင့် ပြည်တွင်းနှင့် ပြည်ပမှလေ့လာ လိုသူများ ပိုမို စိတ်ဝင်စား လာနိုင်ကြောင်း သိရသည်။
ယဉ်ကျေးမှုအမွေအနှစ်များကို အတတ်နိုင်ဆုံးရှေးမူမပျက်ပြုပြင် ထိန်းသိမ်းပြီးနိုင်ငံတကာမှာကဲ့သို့အဆင့်မီသောအနှေးယာဉ်သွားလမ်း များ၊လူသွားလမ်းများ Landscaping များပြုလုပ်ခြင်းInformation Center   များနေရာဒေသအပေါ်မူတည်ပြီးစားသောက်ဆိုင်ခန်းများ၊ Souvenir Shop, Snack Shop များပါ ဆောက်လုပ်မှာ ဖြစ်ကြောင်း သိရသည်။
“အခုလို အဆင့်မြင့်ပြုပြင်မှုတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ မန္တလေးသားတစ်ယောက်အနေနဲ့ဂုဏ်ယူပါတယ်။ ကမ္ဘာမှာမြန်မာလို့ ဂုဏ်ယူဝင့်ကြွားချင်တာ ကြာပါပြီ။ ကျွန်တော်တို့ဒေသဟာ ယဉ်ကျေးမှုမြို့တော်ဖြစ်သလိုသမိုင်းဝင်အမွေအနှစ်များထွန်းကားရာမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ပျောက်ကွယ်ပျက်စီးသွားတဲ့ယဉ်ကျေးမှုအမွေတွေကိုလည်း ပြုပြင်ပြန်လည်ထိန်း သိမ်းသင့် ပါတယ်”ဟုမန္တလေးမြို့ခံတစ်ဦးကဆိုသည်။
“အဆင့်မြှင့်တင်ပြုပြင်မှုတွေလုပ်တာကတော့မန္တလေးမြို့အတွက်ရော မြန်မာနိုင်ငံအတွက်ရော အလွန်ကောင်းတဲ့အလုပ်ပါ။ ဒါပေမယ့် အခကြေးငွေပေးပြီး ဝင်ရောက် လေ့လာမှာဆိုတော့ အများပြည်သူ ဝင်ရောက်လေ့လာနိုင်မယ့် နှုန်းထားလေးလည်း စီစဉ်သတ်မှတ်ပေးသင့်ပါတယ်။
နိုင်ငံခြားသားတွေအတွက်သတ်မှတ်နှုန်းထားက ပြဿနာမရှိပေမယ့် ပြည်တွင်းဒေသခံအများစုက အပြင်ကနေ ကြည့်ခဲ့ကြရတာများတယ်။ ဝင်ကြေးတွေများတော့မဝင်နိုင်ကြဘူး။ ဖြစ်နိုင်ရင်တော့ အခါကြီးရက်ကြီးတွေမှာသာ ဝင်ကြေးသတ်မှတ်ပြီး ကျန်နေ့များကို အနည်းငယ်ဝင်ကြေးလေးနဲ့ စီစဉ်ပေးရင်ကောင်းပါ တယ်။ နိုင်ငံခြားခရီးသွားတွေအတွက် သတ်မှန်နှုန်းက မဆန်းပေမယ့် အောက်ခြေလူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုးပါ”ဟု မြို့ခံတစ်ဦးကဆိုသည်။
“မြနန်းစံကျော် ရွှေနန်းတော်ကြီးက သမိုင်းဝင် အနုပညာ လက်ရာတွေကို လက်ဆင့် ကမ်းထိန်းသိမ်းခဲ့ကြတာပါ။ အခု ဒီနေရာကိုကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားအောင် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စီမံဆောင်ရွက်ဖို့ တင်ဒါတွေခေါ်ယူ ထားပါတယ်”ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။