
သြဂုတ်လ ၁၇ ရက်နောက်ပိုင်းမှစတင်ပြီး ဖားကန့်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် အပြန်အလှန်ပစ်ခတ်မှု များဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး သြဂုတ် ၂၇ ရက်နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်ထန်လာခဲ့ခြင်းဟုသိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ဖားကန့်မြို့ပေါ်သို့ လူဦးရေ တစ်သောင်းကျော်လာရောက်ခိုလုံလျက်ရှိသည်ဟု ဖားကန့်မြို့ခံတစ်ဦးကပြောပါသည်။
“အရင်က KIA စခန်းတွေနဲ့ နီးတဲ့ရွာတွေကို တပ်က ကင်းလှည့်သွားတဲ့အချိန်မှ နည်းနည်းပစ်တာခတ်တာရှိ တာ။ အခုရက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတွေပါ ရှိလာတယ်။ သြဂုတ်လ ၂၉ ရက်နေ့က ဆိုရင် ဖားကန့်မြို့နားမှာ ကပ်ပြီး ဖြစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ကြခတ်ကြလို့ မီးခိုးတွေတက်လာတာကို မြို့ ထဲကတောင် မြင်နေရပါတယ်။ ဒုက္ခသည် အရေအတွက်က သြဂုတ် ၃၀ ရက်နေ့မှာ သောင်းဂဏန်းလောက် ရှိနေပါပြီ” ဟု အဆိုပါမြို့ခံကပြောပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။