Showing posts with label နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ ). Show all posts
Showing posts with label နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ ). Show all posts

Friday, November 30, 2012

မိုင်းငေါ့အနီး၌ လက်နက်ကြီးပစ်ခတ်မှုဖြစ်၊ ရွာသားများ မြို့သို့ တိမ်းရှောင်


 နိုဝင်ဘာ (၃၀)ရက် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအနီး (S.S.A)လက်နက်ကိုင်တပ်များနှင့် အစိုးရ တပ်သားများအကြား လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ရှိ စစ်ဘက်ဆိုင် ရာ အုပ်ချုပ်ရေးဌာနများက သိရသည်။


“တိုက်ပွဲကကြီးကြီးမားမားတော့မဟုတ်ဘူး၊ (S.S.A) တပ်ဘက်က အစိုးရတပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီး နဲ့လှမ်းပစ်တာ၊ (၁၀)လုံးလောက်တော့ ရှိမယ်၊ လက်ခံရရှိတဲ့ သတင်းအရဆို အခုချိန်ထိတော့ အစိုးရဘက်က ဒဏ်ရာရတဲ့သူ မရှိသေးပါဘူး” ဟု မြို့နယ်(စ.အ.ဖ) ရုံးမှ တာဝန်ကျတပ်ကြပ်တစ်ဦးကပြောသည်။

Wednesday, September 5, 2012

ရှမ်းမြောက်တွင် ထုတ်လုပ်မှုလျော့နည်း၍ ကျွန်းသစ်ဈေးမြင့်တက်


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တောတွင်းသစ်ကုန်ကြမ်းထုတ်လုပ်မူလျော့နည်းလာခြင်းကြောင့် ဈေးကွက်တွင်း သစ်ဈေးနူန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

''ဈေးတက်လာတာကတော့ ဒီ(၂ဝ၁၂) ဇွန်လထဲကနေ စတက်လာတာပဲ၊ တစ်ရှိန်ထိုးတက်တာမဟုတ်ပေမယ့် တဖြည်းဖြည်းနဲ့ဈေး ကမြင့်လာတာ၊ တောထဲမှာလဲ သစ်ထုတ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေရှိတော့ သစ်ကုန်ကြမ်းက လိုသလောက်မရဘူး'' ဟု   ကျောက်မဲမြို့ခံ သစ်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

Tuesday, September 4, 2012

တောင်သုသာန်သတင်းကြောင့် ကျောက်မဲတွင် အိမ်ခြံမြေဈေးတက်


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ တောင်သုသာန်ပြောင်းရွှေ့မည့်သတင်းများကြောင့်  ၄င်းပတ်ဝန်းကျင် အနီးမြေကွက်များမှာ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံများထံကသိရှိရသည်။

Friday, August 31, 2012

နယ်စပ်တက်ဝယ်နေခြင်းကြောင့် ဆိုင်ကယ်ဝယ်ရောင်းဈေးကွက်ပျက်လုနီးပါးဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုင်ကယ်ဈေးကွက်တွင် ဝယ်ရောင်းလုပ်ကိုင်သူများနှင့် တင်သွင်းသူများမှာ လုပ်ငန်း ရပ်နားထားရသည့်အထိ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။