Tuesday, May 15, 2012

ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

 
“ကျွန်တော်တို့ မေ(၁၂)ရက်နေ့က တိုင်ထားတာပါ၊ မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ဘုန်းကြီး တစ်ပါးအနေနဲ့အဲ့လို
ဖြစ်ရပ်မျိုးတွေလုပ်နေတာ ဗုဒ္ဓဘာသာနဲ့မညီညွတ်တာတို့ဘာတို့ရှိနေတော့ကျွန်တော်တို့လည်း ဘုန်းကြီးကိစ္စတွေကို ဖြေရှင်ပေးတဲ့ သံဃာ့မဟာနာယကကိုတိုင်တာပါ” ဟုILO(International Labours Occupation) ၏ ကွန်ယက်မှ ကိုအေးသိန်းက ။ပြောသည်။

အဆိုပါကျေးရွာတွင် တောင်သူလယ်သမားတို့၏ ဓါးမဦးကျလုပ်ကိုင်ခဲ့သော်လယ်ယာမြေများအား၎င်းကျေးရွာ အတွင်းရှိ   ခြေရာတော်ကျောင်းမှ ဘုန်းကြီးဦးစန္ဒာသီရိမှ အတင်းအဓမ္မသိမ်ယူထားပြီးရွာသားများမှ တစ်ဧကလျှင် တစ်သောင်းကျပ် မှနှစ်သောင်းကျပ်အထိ ပေးမှသာလယ်ယာမြေများအားပြန်လည်လုပ်ကိုင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ဘုန်းကြီးကအဲ့ဒီလို မြေတွေကို ပိုက်ဆံနဲ့ပြန်ငှားနေတယ်လို့တော့မကြားဘူးဗျ၊ အဲ့ဒီမြေတွေကလည်းဘုန်းကြီး
ကို ဟိုးရှေးတုန်းက လှူထားတာလို့ကြားတယ်ဗျ၊ တောင်သူလယ်သမားတွေတောက်လျောက် လုပ်ကိုင်ခဲ့ တယ်ဆိုလည်း သူတို့မိဘတွေလုပ်ကိုင်ခဲ့တာနေမှာပေါ့” ဟု ရှမ်းတပ်ကျေးရွာ ဥက္ကဌ ဦးမောင်လွင်က ပြောသည်။

လက်ရှိတွင် ဘုန်ကြီးပိုင်မြေဟု သိမ်းဆည်းထားသော လယ်၊ မြေဧက (၄၀)ခန့်သည်မြေပိုင်ရှင်(၆)ဦးခန့် ပိုင်ဆိုင်သော မြေများဖြစ်သည်။

“ဘုန်းကြီးသိမ်းထားတာကြာတော့ကြာပြီဗျ၊ ဧက(၄၀)လောက်ရှိတယ်၊သူကကျွန်တော်တို့နဲ့အတွေ့မခံဘူးဗျသိမ်းထားတဲ့မြေက   ဧက(၄၀)လောက်ရှိတယ်” ဟု မြေအသိမ်းခံရသူတစ်ဦးဖြစ်သောဦးချစ်တင်ကပြောသည်။ အဆိုပါဒေတွင် ပဲ၊ နှမ်း၊ ဖရဲ၊ စပါး စသည်တို့စိုက်ပျိုးကြပြီးတောင်သူလယ်သမားများနေထိုင်သော ကျေးရွာဖြစ်သည်။

“ကျွန်မတို့မြေတွေကတော့ ၁၉၇၉ ခုနှစ်လောက်က စစ်တပ်က သိမ်းထားတာ၊စစ်တပ်လည်းပြောင်းသွားရော ဘုန်းကြီးက ဧက(၄၀)လောက်ကိုကျောင်းမြေဆိုပြီးသိမ်းလိုက်တာကိုကြားတယ်၊ သိမ်းတယ်ဆိုတဲ့မြေတွေကလည်း အခုလက်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့မြေတွေ၊ ကျွန်မတို့မြေတော့ဘုန်းကြီးယူတဲ့ မြေထဲမှာ မပါဘူး” ဟု အဆိုပါရွာသူဖြစ်သော
ဒေါ်ခင်မိုးမိုးကပြောသည်။
 Shwe Myitmakha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။