Tuesday, May 15, 2012

နှစ်သိန်းနှင့် နှစ်သိန်းခွဲဖုန်းကဒ်များအား အာရှစိမ်းလန်းမှုဘဏ်ကအရစ်ကျစနစ်ဖြင့်ရောင်းချ

နှစ်သိန်းတန် GSM ဖုန်းကဒ်နှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များအားအာမခံထားရှိရန်မလိုဘဲ ငွေကျပ် ငါးသောင်း ရှိပါက လူတစ်ဦး ဖုန်းတစ်ကတ်အားအရစ်ကျငွေသွင်းစနစ်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်က သိရသည်။
 
ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းကဒ်များကို ခြောက်လအရစ်ကျ စနစ်ဖြင့်ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ ၄၉၀၀၀ ကျပ်၊ ကျန်လများအား တစ်လလျှင်၂၇၀၀၀ ဖြင့် (၅)လ၊ ၂၅၀၀၀ ကျပ်ဖြင့် (၁)လ ပေးသွင်းရမည် ဖြစ်ပြီးစုစုပေါင်း ၂၀၉၀၀၀ ကျပ် ကျမည်ဖြစ်သည်။



တစ်နှစ်အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ ၅၆၀၀၀ ကျပ်၊ကျန်လများအား တစ်လလျှင် ၁၃၅၀၀ ကျပ်နှင့် (၁၁) လ၊ ၁၁၅၀၀ ကျပ်ဖြင့် (၁)လပေးသွင်းရမည်ဖြစ်ပြီး စုစုပေါင်း ၂၁၆၀၀၀ ကျပ် ကျမည်ဖြစ်သည်။


“ အရစ်ကျငွေပေးချေရန် သတ်မှတ်ထားတဲ့ ရက်တွေကတော့ လစဉ်လဆန်း ၆ ရက်မှလကုန်အထိ သတ်မှတ်ထားတယ် ” ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။


နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များကို ခြောက်လအရစ်ကျစနစ်ဖြင့်ဝယ်ယူမည်ဆိုပါက ကနဦးပေးသွင်းငွေ (၆၁၅၀၀)ကျပ်၊ ကျန်လများအား တစ်လလျှင်(၃၃၅၀၀) ကျပ်ဖြင့် (၅) လ၊ (၃၂၅၀၀) ကျပ်ဖြင့် (၁)လ ပေးသွင်း ရမည် ဖြစ်ပြီး စုစုပေါင်း   (၂၆၁၅၀၀)ကျပ် ကျသင့်မည်ဖြစ်သည်။


တစ်နှစ်အရစ်ကျစနစ်ဖြင့် ဝယ်ယူမည် အဆိုပါက ကနဦးပေးသွင်းငွေ (၇၀၀၀၀) ကျပ်၊ကျန်လများအား (၁၇၀၀၀) ကျပ်ဖြင့် (၁၁) လ၊ (၁၃၀၀၀) ကျပ်ဖြင့် (၁)လပေးသွင်းရမည်ဖြစ်ပြီး စုစုပေါင်း (၂၇၀၀၀၀) ကျပ် ကျမည်ဖြစ်ကြောင်း သိရသည်။


“သတ်မှတ်ထားတဲ့ ရက်တွေမှာ ငွေသွင်းဖို့ ပျက်ကွက်ရင် ဖုန်းလိုင်းတွေပိတ်ထားမှာဖြစ်ပါတယ်၊ သွင်းပြီးငွေ ကိုလည်း ပြန်လည်ပေးအပ်မှာ မဟုတ်ပါဘူ ”ဟု  အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။