Friday, June 1, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုဝန်ကြီးချုပ်တို့မြန်မာလုပ်သားများအရေး အကြိတ်အနယ်ဆွေးနွေး

အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့် အလုပ်သမားအခွင့် အရေးများရရှိရေး အတွက်ထိုင်း ဒုဝန်ကြီးချုပ်က   ကူညီပေးမည်ဟုကတိပေး

ဗန်ကောက်။မေ ၃၁။

အလုပ်သမားမှတ်ပုံတင် နှင့်ယာယီပတ်စပို့မရသေးသူများ အမြန်ဆုံရရေးနှင့်အလုပ်သမားအခွင့်အရေးများ ရရှိရေးအတွက် ထိုင်းဒုဝန်ကြီးချုပ်ကကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

ထိုင်းနိုင်ဗန်ကောက်မြို့တွင်ပြုလုပ်သည့်ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့တက်ရောက်လာသောဒေါ်အောင်ဆန်းစုကြည် သည်မေ၃၁ ရက် မွန်းလွဲံပိုင်းက ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် အစိုးရရုံးတွင်တွေ့ဆုံ ခဲ့ပြီ့းမြန်မာလုပ်သားများ အရေးအကြိတ် အနယ်ဆွေးနွေး  ခဲ့ခြင်းဖြစ်သည်။

    ``ကျမနေ့လည်းလောက်ကထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ေ တွ့ခဲ့ပါတယ် ။တွေ့ရတဲ့အကြောင်းရင်းကလည်း ကျမတို့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခြေအနေကိုကောင်းအောင်လို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ကိုဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံးကျမတို့ရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေးပြေလည်ရေး အတွက်လုပ်ပေးပါ့မယ် လို့ကျမ ကိုပြော ပါတယ်´´ဒေါ်အောင်ဆန်းစုကြည်က စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေး ရုံးသို့လာရောက်စဉ်မြန်မာလုပ်သား များကို ယင်းကဲ့ သို့ထုတ်ဖော်ပြောကြားခဲ့သည်။

    ``တခြားနိုင်ငံမှာေ၇ာက်နေတဲ့ကျမတို့ရဲ့အလုပ်သမားတွေပြန်လာပြီးတော့အလုပ်ရနိုင်အောင်လုပ်ဖို့ဆိုတာ

    ဟာမြန်မြန်ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေး ပါဘူး။ ဒီအချိန်ကာလမှာဒီနိုင်ငံမှာရှိနေ သရွေတော့အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကျမတို့အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်လို့ပြောပါရစေ´´ဟုဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

``မြန်မာလုပ်သားတွေကိုမြန်မြန်လေးပတ်စပို့လုပ်ပေးစေချင်တယ်။သူတို့ကအလုပ်ကနေဖျက်ပြီးလာရတာ။  ၃ရက် ပျက်ရင် အလုပ်ထုတ်ခံ  ကျရတယ်။`` ဟု     Burma Democarcy Network မှဒုဥက္ကဋ္ဌက ဖလားဝါးနယူး(စ်)သို့ပြောသည်။

    "ကျွန်တော်တို့အရင်လ(ဧပြီ)၂၃ရက်ကစပြီးယာယီပတ်စပို့စ လုပ်ပေးပတယ်။ စလုပ်ပေးခါစက တနေ့၄၀၀လောက် လုပ်ပေးပါတယ်။ ခုဆို၁၀၀၀လောက် လုပ်ပေးနေပါတယ်။ ကိုယ့်မြန်မာတွေအေးအေးဆေးဆေး အလုပ်လုပ်ကိုင်နိုင်ရေး အတွက်ကျနော်တို့ လုပ်ပေးနေပါတယ်"   ဟု စမွတ်စခွန်ရှိ ယာယီပတ်စပိုစ်ထုတ်ပေးရေးရုံး  မှဒုရဲမှုးစန်းလွင်     ကရှင်းပြသည်။

ယခုအခါ ထိုင်းနိုင်ငံတွင်မြန်မာလုပ်သား၂သန်းကျော်ရှိပြီးစမွတ်စခွန်ဒေသတွင်၂သိန်းကျော်ရှိသည်။

D-မင်း (ဗန်ကောက်မှ တိုက်ရိုက်ပေးပို့သည်)
by Yangon Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။