Sunday, July 8, 2012

၈၈ ရုံးခန်း SB မှ ဝင်ရောက်ရှာဖွေ


၈၈ ရုံးခန်း SB မှ ဝင်ရောက်ရှာဖွေ

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းကို SB မှ ဝင်ရောက်ရှာဖွေ
ဇူလိုင်လ ၆ ရက်နေ့ ည ၁၀း၀၀ နာရီခန့်က ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းကို SB မှ ဝင်ရောက် ရှာဖွေမှုကြောင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ
ရုံးခန်းကို ရောက်ရှိ လာခဲ့ကြပါတယ်။ ၂၀၀၇ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးဖြိုးအောင်၊ ဒီငြိမ်းလင်း၊ ရဲမြတ်ဟိန်း၊ စည်သူမောင်တို့ကို ဖမ်းဆီးဖို့ လာရောက်
ရှာဖွေတာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ဆက်ထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၇
ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပမယ့် 7 July အောင်းမေ့ဖွယ် အခမ်းအနားကို ၈၈ ကျောင်းသားများ ရုံးခန်းမှာ ဒီကနေ့ ပြောင်းလဲ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။