Sunday, July 8, 2012

နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ

နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ
2012-07-07
ဒီကနေ့ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနား ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
RFA

နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း ကျင်းပနေစဉ်။
နံနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားမှာ ဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အယောက် ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ မှာ သေဆုံးသွားကြတဲ့ ကျောင်းသားတွေ အတွက် ရေစက်ချ အမျှဝေးပေးခဲ့ကြတယ်လို့ ရွှေဝါရောင် ကျောင်းတိုက်က  ဦးနန္ဒာစရိယ က RFA ကို မိန့်ပါတယ်။

“ ၇ ဇူလိုင်နေ့မှာ ကျောင်းသားတွေ ကျဆုံးသွားကြတယ်။ အာဏာရှင်တွေကပေါ့။ တက္ကသိုလ်ကြီးကို ဗုံးနဲ့ပစ်ခွဲ တာတွေ၊ ဒီဟာတွေကို အိန္ဒိယနိုင်ငံသားတွေလည်း သိသွားအောင်လို့ပေါ့ဗျာ၊ ဒီဟာကို နလန်ထလာအောင်၊ ဒီအခမ်းအနားမျိုးကို လုပ်ပေးသင့်တယ်ဆိုပြီး ဦးဇင်းတို့လုပ်ခဲ့ကြတာ ဖြစ်တယ်၊  ကျောင်းသားတွေ အတွက် ရေစက်ချ အခမ်းအနားတွေ လုပ်ပေးတယ်၊ အလှူအတန်း အမျှဝေပေးကြပါတယ်’’

ဒီကနေ့ပြုလုပ်တဲ့ ဇူလိုင် ၇ အခမ်းအနားကို တက်ရောက်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (လွတ်မြောက်နယ်မြေ) တာဝန်ခံ ကိုမင်းထန်က ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားဖို့လိုတယ်လို့ ပြောပါတယ်။

“ ကျောင်းသားတွေ အသက်ကို ပေးဆပ်ရတဲ့ ဇူလိုင် ၇ ရဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေဟာ လုပ်သင့်တာပေါ့လေ၊ နောက်ပြီး ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို ကျနော်တို့ တန်ဖိုးထားဖို့ လိုပါတယ်’’

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။