Sunday, July 1, 2012

ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော

ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော
2012-06-29
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။

သေဆုံးသူတွေအပြင် ဒဏ်ရာရသူ အများအပြားနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၂,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky က ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီ ပေးနေကြောင်းလည်း သူက ပြောပါတယ်။
အဲဒီ အကူအညီတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က လူဦးရေ ကိုးသောင်းကျော်အတွက် စားနပ်ရိက္ခာ တန်ချိန် (၇၂၅) တန် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် WHO အဖွဲ့က ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့ပွားမှု မရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။