
ဝန်ကြီး ဦးကျော်ခင်က ဒေသခံရခိုင်တိုင်းရင်းသားတွေကို ဘယ်လို အနိုင်ကျင့်နေသည်ကို စစ်တွေမြို့ ဒေသခံတစ်ဦးက အခုလိုပြောပြသည်။
" ကျနော်တို့စစ်တွေမြို့မှာ နေ့စားအလုပ်သမား ဒေသခံတွေရှိပါတယ်။ အဲဒီဒေသခံတွေကို ဝန်ကြီး ဦးကျော်ခင်က ဘင်္ဂလီမူဆလင်တွေရဲ့ပစ္စည်းတွေကို သယ်ယူပေးတဲ့နေရာမှာ အသုံးချတဲ့အပြင် ထိုင်ထလုပ်ခိုင်းပြီးမှ မပြောပလောက်တဲ့ငွေကိုပေးပြီး အိမ်ကိုပြန်လွှတ်ပါတယ်။ ပစ္စည်းတွေဟာ ဘင်္ဂလီမူဆလင် ပစ္စည်းတွေဆိုပေမယ့် စစ်တွေမြို့ဒေသခံတွေဆီက အကြွေးယူထားတဲ့ ပစ္စည်းတွေပါ။ ဒါကို ဝန်ကြီး ဦးကျော်ခင်က အဓမ္မယူဆောင်တဲ့အပြင် ဒေသခံတွေကို အဓမ္မလုပ်အားစေခိုင်းတယ်။ နောက်ပြီးတော့ လုံခြုံရေး တာဝန်ယူစောင့်ပေးနေတဲ့ ရဲတွေနဲ့ မြို့မဈေးတာဝန်ခံတွေကိုလည်း ခန္ဓာကိုယ်မှာပါတဲ့ အင်္ဂါတွေနဲ့ ဆဲဆိုပါတယ်။ " ဟု ပြောသည်။
ရမ်းဗြဲမြို့အမတ် ဝန်ကြီးဦးကျော်ခင်ဟာ ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပါလျက်နဲ့ ကိုယ့်လူမျိုးရခိုင် တိုင်းရင်းသားတွေကို ဘေးဖယ်ထားပြီး ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် ဦးကျော်မြင့်နှင့် ဦးဝဏ္ဏတို့ဆီက ငွေအမြောက်အမြား လာဘ်စားထားသောကြောင့် ဘင်္ဂလီတွေရဲ့အရေးကို အဓိကထားလုပ်ဆောင် ပေးနေသည်ကိုလည်း သိရှိရပြီး ဝန်ကြီးက သူလုပ်ဆောင်ပေးနေတဲ့လုပ်ငန်းစဉ်မှာ ရဲတွေက နှောင့်ယှက်မယ်ဆိုရင် အလုပ်ဖြုတ်အပြစ်ပေး အရေးယူမယ်၊ ဒေသခံတွေကလည်း နှောင့်ယှက်မယ်ဆိုရင် အပြစ်ပေးအရေးယူမယ်ဆိုပြီး ခြိမ်းခြောက်လျှက်ရှိနေသည်ကိုလည်း ဒေသခံများပြောပြ ချက်အရ သိရှိရသည်။
ရခိုင်ဒေသခံများထံမှ ဘင်္ဂလီမူဆလင်များ အကြွေးယူထားသော ပစ္စည်းများနှင့် ပက်သက်၍ မည်သို့မည်ပုံဖြေရှင်းပေးမည်ကိုလည်း မသိရှိရသေးသဖြင့် ဒေသခံများအနေဖြင့် ယင်းအကြွေးများ ဆုံရှုံးသွားမည်ကို စိုးရိမ်နေကြသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။