Sunday, July 1, 2012

တောင်သူလယ်သမားတွေ အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ

တောင်သူလယ်သမားတွေ အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ
တောင်သူလယ်သမားတွေ အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ
တောင်သူလယ်သမားတွေရဲ့လယ်ယာမြေတွေ အဓမ္မ သိမ်းယူ ခံနေရတဲ့အပေါ် အကူညီ တောင်းခံတဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို ဇွန်လ ၂၉ ရက်နေ့က
ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။
 တက်ရောက်လာတဲ့ တောင်သူလယ်သမားတွေက သူတို့ ကြုံတွေ့နေရတဲ့ လယ်ယာမြေ
သိမ်းခံရမှုတွေကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ လယ်မြေတွေ သိမ်းခံရတဲ့ ပြဿနာတွေနဲ့ ပတ်သတ်ပြီး လယ်သိမ်းခံရစဉ်က လယ်သမားတွေဘက်မှ
ကြောက်ရွံ့မှုတွေ ရှိတဲ့အတွက် တားမြစ် ပိတ်ပင်မှုတွေ မပြုလုပ်နိုင်ခဲ့တဲ့ အကြောင်းတွေကိုလဲ ပြောပြ ခဲ့ကြပါတယ်။ ဒီစာနယ်ဇင်း ရှင်းလင်းပွဲမှာ ဥပဒေ
ရှုထောင့်၊ စီးပွားရေး ရှုထောင့်တွေကနေ ပြန်လှန် သုံးသပ် ခဲ့ကြပြီး နေ့လည် ၁ နာရီ ကနေ ညနေ ၄း၃၀ နာရီခွဲ အထိ တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်
ခဲ့တယ်လို့ သိရှိ ရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။