Sunday, July 1, 2012

၂၀၁၂ ခုနှစ် ပြည်သူ့ ဂုဏ်ရည် ဆုရှင် လဖိုင်နော်မိန်း



၂၀၁၂ ခုနှစ် ပြည်သူ့ ဂုဏ်ရည် ဆုရှင် လဖိုင်နော်မိန်း
၂၀၁၂ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ခါတင် စာရင်းဝင်သူတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူမှုထောက်ကူပြု အဖွဲ့မှ ဦးဝင်းထိန်၊
သုခရိပ်မြုံ လူငယ်ပရဟိတ ဂေဟာမှ စာရေးဆရာမ ဒေါက်တာစုထား၊ ရန်ကုန် နာရေးကူညီမှု အသင်းမှ
 ဒုဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်သမား
လယ်သမား အကျိုးဆောင်ရှေ့ နေ ဦးဖိုးဖြူ၊ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းတို့ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံမှာ ဇွန်လ ၂၈ ရက်နေ့က
ဂုဏ်ပြုပွဲကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆုရှင်ဖြစ်တဲ့ လဖိုင်နော်မိန်းဟာ ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၎
ရက်နေ့မှာ စိန်လုံဒေသ ကောင်းဝဲ တိုက်ပွဲအတွင်း ကိုယ်တိုင်သွားရောက် သတင်းယူနေချိန်မှာ မြန်မာအစိုးရ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေနတ်ထိ
မှန်ပြီး လည်ပင်း အောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင် ဖြစ်နေတာကြောင့် ရရှိတဲ့ ဆုကို ရန်ကုန် နာရေးကူညီမှု အသင်း အုပ်ချုပ်ရေးမှူး ဖြစ်သူ
ဒေါ်ဧရာမောင်မောင်က ကိုယ်စား ယူပေးခဲ့တယ်လို့ သိရှိ ရပါတယ်။ မြန်မာနိုင်ငံမှာ လူမှုလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ အတွက်
ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် ပြည်သူ့ ဂုဏ်ရည်ဆုကို ပေးအပ်ချီးမြင့်နေတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။